ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ၁၇-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မလိခခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်ကြက်ခြေနီအသင်းနှင့် ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် ထိရောက်တဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN-ERAT) (အာဆီယံ အဲစ်ရက်စ်) သင်ရိုးညွှန်းတမ်းကို အခြေခံပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည့် သင်ရိုး ညွှန်းတမ်းရေးဆွဲပြီး မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းသားများကို လေ့ကျင့် မွေးထုတ်ပေးခြင်းဖြစ်ပြီး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်သည့်အခါတွင်လည်း ပြည်နယ်ဘက်မှ သင်တန်းသားကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့်အရာများဖြစ်သလို ငြိမ်းချမ်းပြီး လူမှုဘဝ‌ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ ဖြစ်စေမည်ဟု ယူဆပါကြောင်း၊ ဘေးအန္တရာယ်တစ်မျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါက မြန်မာ ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဟာ ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများ၊ ညှိနှိုင်းပေါင်းစပ်မှုများကို ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအတွက်အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာ စေဖို့အထိ မျှော်မှန်းထားပါကြောင်း၊  မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းမှာ ပါဝင်တက်ရောက်မယ့် သင်တန်းသားများအနေနဲ့ မိမိတို့ရဲ့ဆောင်ရွက်ဆဲဖြစ်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပြီး အများအကျိုးကို ပိုမိုသယ်ပိုးပေး နိုင်မှာဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကို စေလွှတ် ပါဝင်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မြန်မာဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ရေးအဖွဲ့(MDRT)   သင်တန်းသို့ သင့်တော်သည့် ဌာနအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များမှ မြန်မာ ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်ရေးအဖွဲ့(MDRT)သင်တန်းသို့ တက်ရောက် ခြင်းအားဖြင့် ကချင်ပြည်နယ်အတွင်း ထိရောက်တဲ့သဘာဝဘေး အန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေးကွန်ယက် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ဆိုရင်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။  ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ ဒေသအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဟာလည်း အလွန်အရေးပါပါတယ်။ ကချင်ပြည်နယ် အတွင်း လက်ရှိအချိန်ထိ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိတဲ့ လူမှုရေး အသင်းအဖွဲ့များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ စွမ်းဆောင်ရည်ပြည့်ဝပြီး    ထိရောက်လျင်မြန်သော      ဘေးအန္တရာယ်တုံ့ပြန်မှုကသာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ ညှိနှိုင်းအစည်းအဝေး ပထမပိုင်းကို ရုပ်သိမ်းခဲ့ပါသည်။

  ဆက်လက်၍ ညှိနှိုင်းအစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ အမြဲတမ်းအတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ညွန်ကြားရေးမှူးက ကချင်ပြည်နယ်အတွက် မြန်မာဘေးအန္တရာယ် တုန့်ပြန်ရေးအဖွဲ့သင်တန်း ကျင်းပပြုလုပ်နိုင်ရေးလျာထားဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ လတ်တလော ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနေမှုနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအား  ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

          ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   မြစ်ကြီးနားမြို့ ၊   ရန်ကြီးအောင်ရပ်ကွက်၊  တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်အတွင်းရှိ   အောင်တော်မူ သကျမာရဇိန် အံတော်ရှင် စေတီတော်မြတ်ကြီးအား  သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး အံတော်ရှင်ဆရာတော် ဒေါက်တာအရှင်ညာဏဓဇအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR