ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းအမှတ်စဉ်(/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊ M-Gallery ဟိုတယ်၌ဖွင့်လှစ်ရာ  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းသားများကို တွေ့ဆုံ၍ ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများကို ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏မူသည်ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဖြစ်ပါကြောင်း၊ ကောင်းမွန်ပြီး အကျိုးရှိသော မူများ ချမှတ်ထားပါက မူကိုရောက်ရှိအောင်သွားရန် မိမိတို့တွင်တာဝန်ရှိပါကြောင်း၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်မည်ဆိုပါကပန်းတိုင်နှင့်အလှမ်းကွာမည်ဖြစ်ပါသောကြောင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးလုပ်ဆောင်ပါကြောင်း၊ ယခုမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းသည်လည်း အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံအဆင့်တွင်အာဆီယံအရေးပေါ်တုံ့ပြန်ရေးနဲ့ ဆန်းစစ်လေ့လာရေးအဖွဲ့ ASEAN-ERAT ရှိသကဲ့သို့ ပြည်တွင်းတွင်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ရှိသင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့ပူးပေါင်း၍  မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ပံ့မှုပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း၏လုပ်ငန်းစဉ်များအနက် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းပြီးလေ့ကျင့်သင်တန်းပေးခြင်းသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊သင်တန်းအတွက် သင်ရိုးညွှန်းတမ်းတွင်ပဋိပက္ခအခြေအနေတွင်ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းနှင့်လူမှုသဟဇာတဖြစ်ရေးဘာသာရပ်များပါ ထပ်မံထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊၎င်းဘာသာရပ်များသည် ပြည်တွင်းစွမ်းဆောင်ရည်မြှင့်ရန်အတွက်လိုအပ်သကဲ့သို့ လူမှုဘဝရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ်မည်ဟုယူဆပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရပါကမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့မှ ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများ၊ ညှိနှိုင်းပေါင်းစပ်မှုများပါ ဆောင်ရွက်နိုင်စေရန်အတွက် အရေးပါသော အဖွဲ့တစ်ဖွဲ့ဖြစ်လာစေရန်အထိမျှော်မှန်းပါကြောင်း၊ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းသည်သင်တန်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့၏ဆိုင်ရာလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးရန်၊ အများအကျိုး၊ ပြည်သူ့အကျိုးကိုပိုမိုလုပ်ဆောင်ရွက်ပေးရန်မှာကြားလိုပါကြောင်း စသဖြင့်ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေရသောဝန်ကြီးဌာနများမှ အလယ်အလတ်အဆင့် အရာထမ်းများပါဝင်သည့်အတွက် ဝန်ကြီးဌာများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည့်အတွက် ယနေ့သင်တန်းမှရရှိမည့်အတွေ့အကြုံဗဟုသုတ၊ နည်းပညာများဖြင့် မိမိနေထိုင်ရာမြို့နယ်ဒေသကိုအထောက်အကူပြုနိုင်မည်ဟုမျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းအမှတ်စဉ်(/၂၀၂၁)တွင်  သင်တန်းသားများနှင့်တွေ့ဆုံကြိုဆိုနှုတ်ဆက်စကားပြောကြားခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊နည်းပြများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ သင်တန်းသားများ၊  မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများမှ သင်တန်းသားများအပါအဝင် သင်တန်းသားစုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပြီးအဆိုပါသင်တန်းအား (၁၃-၁၂-၂၀၂၁)နေ့မှ (၁၈-၁၂-၂၀၂၁)နေ့အထိ သင်တန်းကာလ()ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR