ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးအတွင်းရှိအသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စလင်းမြို့နယ်ရှိလေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ခြင်းအခမ်းအနားကို (၂၄-၄-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစွာပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသောလူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့ပြီးမကွေးတိုင်းဒေသကြီးအတွင်းလူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူအသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၁၈,၁၈၀)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးမှုအခြေအနေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းသဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုက်ပွဲရှောင်များ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံခဲ့ ရသူများအတွက် ထောက်ပံ့ပေးနေမှုအခြေအနေများအားရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးအတွင်းရှိအသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၁၈,၁၈၀)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်(၅၄၅.၄၀)သန်းကိုလည်းကောင်း၊ စလင်းမြို့နယ်လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀,၈၀၀,၀၀ဝိ/)နှင့် ဆန်အိတ်(၄၆၅)အိတ်တို့ကိုလည်းကောင်းပြည်ထောင်စုဝန်ကြီးကတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးတိုင်းဒေသကြီးအတွင်းသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံရသူများအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်၍ ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည်မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများအား ဦးခိုက်ကန်တော့ကြပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ၊ ကို ထောက်ပံ့ပေးအပ်ခဲ့ရာဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီတာဝန်ရှိသူများကလက်ခံခဲ့ပြီးဘိုးဘွားများကဆုတောင်းမေတ္တာများပို့သ၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများကသာဓုခေါ်ဆိုခဲ့ကြပါသည်။ ထို့နောက် ရိပ်သာအတွင်း ဘိုးဘွားများ၏ စားသောက်နေထိုင်မှုအတွက် ဆောင်ရွက်နေမှုများကို ရိပ်သာတာဝန်ခံက လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကဘိုးဘွားများနှင့် လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါ လျက် လူမှုဝန်ထမ်းဦးစီးဌာန  မကွေးကလေးပြုစုရေးဌာနသို့ရောက်ရှိကြရာတာဝန်ခံကျောင်းအုပ် က ကလေးငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်ခြင်း၊ အာဟာရပြည့်ဝစွာကျွေးမွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ပညာရေးအတွက် ဆောင်ရွက်ပေးခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကလေးများအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက်ဝန်ထမ်းအင်အားဖြည့်တင်းပေးနိုင်ရေး၊ လေဝင် လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ရေး ဆောင်ရွက်သွားရမည့်အချက်များအား လမ်းညွှန်မှာကြားခဲ့ပြီး ကလေးပြုစုရေးဌာနအတွင်းအား ပြုစုစောင့်ရှောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကာ ကလေးငယ်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးမြို့ပေါ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကပြည်သူနှင့်ဆက်ဆံရသောဌာနဖြစ်၍ လူမှုဝန်ထမ်းသမားကောင်းများပီသစွာဖြင့် ဆက်ဆံရေးပြေပြစ်ရန်လိုအပ်ပါကြောင်း၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာများ ကျွမ်းကျင်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများကိုမိသားစုစိတ်ဓါတ်ဖြင့် အခက်အခဲများကိုဝိုင်းဝန်းဖြေရှင်းရမည်ဖြစ်ပြီးလုပ်ဖော်ကိုင်ဖက်အဖြစ်သဘောထား၍ ပွင့်လင်းစွာအကြံပြုဆွေးနွေးတင်ပြနိုင်ပါကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR