ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ဆန်နှင့် ဂျုံများ ဖြန့်ဝေပြီးစီးမှု၊ လူမှုရေးပညာ မဟာဌာန (Social Work Faculty) အတွက် အိန္ဒိယနိုင်ငံမှ သင်ရိုးညွှန်းတမ်းဆိုင်ရာ နည်းပညာအကူအညီပေးရေး၊ ပညာတော်သင်အကူအညီပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဆောင်ရွက်နေသည့် စီမံကိန်းများ တိုးတက်မှုအခြေအနေနှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

မကြာသေးမီက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီအဖြစ် ဆန်တန်ချိန် (၁၀၀၀၀) တန်နှင့် ဂျုံတန်ချိန် (၂၀၀) တန် လှူဒါန်းနိုင်ရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် လူမှု-စီးပွားဘဝထိခိုက်ခံရသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကူအညီလိုအပ်သော အိမ်ထောင်စုများထံ ဖြန့်ဝေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR