ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ








        ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ နှင့်သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၃၀-၄-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာကျော်ထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ဦးကြွယ်ကြွယ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာန (၃)ခုဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ်သတ်မှတ်၍ ပြည်သူ များ၏လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုး ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက် ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် မူလတန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ သင်တန်း ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း အနေဖြင့် လူငယ်ရေးရာမူဝါဒကို အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး အမျိုးသားအဆင့် မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီကို ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအနေဖြင့် အမျိုးသမီးဖွံ့ဖြိုး တိုးတက် ရေးဌာနများ၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းများ၊ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာ တည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ ပြဌာန်းထားရှိပြီးဖြစ်သလို နည်းဥပဒေ အတည်ပြုပြဌာန်းနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအနေဖြင့် မျက်မမြင်ကျောင်းများ၊ နားမကြားသောကလေးများကျောင်းများ၊ မသန်စွမ်း သက်ငယ်သန်တန်းကျောင်းများ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန် စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ များဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့ တည်ထောင်ဖွင့်လှစ်ထားရှိသောပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာများ အတွက်ထောက်ပံ့ငွေပေးအပ်လျက်ရှိ ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် ၂၀၁၄ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေး ပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်ဦးကို တစ်လလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးရာ နောက်ပိုင်းတွင် အကျုံးဝင် အသက်ကို အသက် (၉၀)မှ အသက် (၈၅) နှစ်သို့လျှော့ချ၍ ထောက်ပံ့ပေးနိုင်ခဲ့ ပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့မူဝါဒ ဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ် ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ၌ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်တဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု၀န်ကြီးများ ဥက္ကဌအဖြစ်တာ၀န်ယူ ဆောင်ရွက်တဲ့ လုပ်ငန်းကော်မတီ (၁၂)ခုကိုလည်းဖွဲ့စည်းထားရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာလည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများ ဦးဆောင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များကိုလည်း အဆင့်ဆင့်ထပ်မံဖွဲ့စည်း ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစား ရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိပညာ တိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ရပ်ရွာ လူထုနဲ့အတူ သဘာဝဘေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်း များဖွင့်လှစ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ နှစ်ကုန်ပိုင်းကစတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့်ခေတ္တရပ်နားထားခဲ့ပြီး လက်ရှိတွင် လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများ သာတူညီမျှရရှိ ခံစားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆိုတဲ့အချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းများဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးခံရသူများအား လိုအပ်သောစောင့်ရှောက်မှုများ ပြုလုပ်၍ လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက်  ကာကွယ်စောင့် ရှောက်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ် ပါဝင်တာဖြစ်တဲ့အတွက် မိမိတို့ဝန်ကြီးဌာန အနေနဲ့ မသန်စွမ်းသူများရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို အနည်းငယ် ဖြည့်စွက်ရှင်းလင်းတင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက် နေ့တွင် မသန်စွမ်းသူ များ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အဖွဲ့၀င်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို ပြည့်မီစေနိုင်ဖို့ မသန်စွမ်းသူများ အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ နည်းဥပဒေများ (၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပါ ကြောင်း၊ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီတွေအပြင် နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဲ့ဒီ ကော်မတီတွေမှာ ဆက်စပ်ဝန်ကြီး ဌာနများအပြင် မသန်စွမ်းမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တွေကိုလည်း ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ မသန်စွမ်းသူတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ အစိုးရနှင့် အခြားအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ အများပြည်သူ အတွက် ထောက်ပံ့ပေးတဲ့ဝန်ဆောင်မှုတွေ ရရှိခံစားနိုင်ရေးအတွက် မသန် စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း စနစ်တစ်ရပ် ပေါ်ထွက်လာစေဖို့အတွက် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ INGO, NGO များ၊ မသန်စွမ်းအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန မှ ဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက် နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီး ဌာနအနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ အခြေခံကျသော စာရင်းဇယားအချက်အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြတဲ့ ဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားများအသီးသီးပြောကြား ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ  ၄၄၉၄.၅၁သိန်း၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၁၃၃၂၉) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ  ၃၉၉၈. သိန်း၊ မသန်စွမ်းသူ (၆၉၁၈) ဦး အတွက်    ထောက်ပံ့ငွေ ၂၀၇၅.၄သိန်း၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၅၆၈.၆၁သိန်း) ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံအသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စား (တောင်ကြီးမြို့၊ ဘုရားဖြူမသန်စွမ်း နှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ) (သူငယ်တော်ယေဇူးကျောင်း) ၏ ဂေဟာမှူး  စစ္စတာရ် ကလားရာတင်ညို က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။





        ဆက်လက်၍မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သည့် ပြည်နယ်အဆင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကြားကာလအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရမှုအခြေအနေများနှင့် လတ်တလောဆောင်ရွက်ချက်များ၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ထားရှိအပ်သော ခံယူချက်သဘောထားနှင့်ဝန်ကြီးဌာန၏လုပ်ငန်းများကိုပိုမိုကျယ်ပြန့်အောင်ကြိုးစားစေလိုကြောင်း စသည်တို့နှင့်စပ်လျဉ်၍  ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူဝန်ထမ်းများက တင်ပြလိုသည် များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

MOS

DSW

DDM

DOR