ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairsတို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ UNOCHA မှ ဌာနေရုံးအကြီးအကဲဖြစ်သူ Mr. David Carden နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင်ဝန်ကြီးဌာနအနေဖြင့် ထိရောက်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများမှတစ်ဆင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ဘေးသင့်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူမှုဘဝတည်ဆောက်ခြင်းဟူသော မူနှင့်အညီလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊   UNOCHA နှင့်သဘောတူညီမှုစာလွှာရေးထိုးခြင်းဖြင့် အစိုးရကဦးဆောင်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများပိုမိုအားကောင်းစေရန် အားဖြည့်ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာအထောက်အကူပေးခြင်း၊ ကြိုတင်ပြင်ဆင်ရေးနှင့်သတင်းအချက်အလက်စီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်အထိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများဖွဲ့၍ ခိုင်မာစွာအားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အားလုံးအကျုံးဝင်ပါဝင်စေရေးဟူသော(All-Inclusive) ကိုအလေးထား၍ပြည်သူ့အကျိုးကိုရှေးရှုပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ၊နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ ပြည်သူများ ၏ရေရှည်အကျိုးအတွက် ဆောင်ရွက်ရန်ဆန္ဒရှိသည့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊  ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းစသဖြင့်ပြောကြားခဲ့ပါသည်။ ထို့နောက် UNOCHA (Myanmar) ၏ ဌာနေရုံးအကြီးအကဲဖြစ်သူ Mr. David Carden က သဘောတူညီမှုစာလွှာအရ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သဘောတူညီစာလွှာလက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဦးစီးဌာန၏ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် UNOCHA (Myanmar) ၏ ဌာနေရုံးအကြီးအကဲဖြစ်သူ Mr. David Carden တို့ကသဘောတူညီမှုစာလွှာကိုလက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။အဆိုပါသဘောတူညီစာလွှာ(LoA)သက်တမ်းကာလအတွင်း UNOCHA သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာပံ့ပိုးကူညီပေးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR