ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေး ထိန်းဌာနများဖွင့်လှစ်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်(၆)လမှ (၃)နှစ်အရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပခဲ့ရာ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက ယခုသင်တန်းမှပို့ချချက်များသည် နေ့ကလေးထိန်းဌာန ဖွင့်လှစ်နိုင်ဖို့လိုအပ်ချက်များကိုအထောက်အပံ့ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ကလေးသူငယ်များအတွက်နိုင်ငံတော်၏ မူဝါဒပိုင်းဆိုင်ရာများ၊အထူးအခြေအနေရှိသည့် ကလေးများအကြောင်း၊ နေ့ကလေးထိန်းအရွယ်ကလေးများအတွက်ကျန်းမာရေးနှင့် အာဟာရ၊ဘက်စုံဖွံ့ဖြိုးမှုအထောက်အပံ့ဖြစ်စေမည့်အပြုသဘောဆောင်သည့်ပြုစုစောင့်ရှောက်မှုအရေးကြီးပုံနှင့်နေ့ကလေးထိန်းကျောင်းတစ်ကျောင်းအတွက်လိုအပ်ချက်များနှင့်သင်ခန်းစာပြင်ဆင်မှုများကိုစာတွေ့/လက်တွေ့များဖြင့် အကောင်းဆုံးသင်ယူနိုင်ခဲ့ကြမည်ဟုယုံကြည်ကြောင်း၊သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင်  ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ Resource Person များအဖြစ်သင်ယူခဲ့ရသည့်ပို့ချချက်များအပေါ်လက်တွေ့အသုံးချသွားရန်နှင့် ဆက်လက်လေ့လာသွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနများရှိဝန်ထမ်းများ၏သား/သမီးငယ်များကိုစနစ်တကျပြုစုစောင့်ရှောက်မှုမှတဆင့်ကာယ၊ဉာဏ၊စာရိတ္တ၊ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှုရရှိစေသည့်လုပ်ငန်းစဉ်ဖြစ်သောကြောင့် နေ့ကလေးထိန်းဌာနများအားဝန်ကြီးဌာနများတွင်တိုးချဲ့ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်သင်တန်းသားများအားသင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအရ လုပ်ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲလူနာများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲကုသရေးဌာနများနှင့် ပြန်လည်ထူထောင်ရေးစခန်းများ ချိတ်ဆက်၍ ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်သူများအား ကျွမ်းကျင်မှုသင်တန်းများ၊ လုပ်ငန်းစွမ်းရည်မြှင့်တင်ပေးခြင်းနှင့် မျိုးဆက်သစ်မွေးထုတ်ပေးခြင်း၊ စေတနာ့ဝန်ထမ်းကူညီဆောင်ရွက်မည့် အဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် ကုသရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ကုသမှုခံယူပြီးသူများအား စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများဖွင့်လှစ်ပြီးသင်တန်းသားများလက်ခံခြင်း၊ သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်း၊ ရပ်ရွာလူထုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများအတွက် စံလုပ်ငန်းလမ်းညွှန်စာအုပ်ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုချက်ရရှိပါက မူးယစ်ဆေးဖြတ်ပြီးသူများစခန်းများတွင်အဆိုပါစာအုပ်ကို လက်တွေ့အသုံးပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ချက် များကိုတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်သူများမှ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR