ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးက ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

       ပထမဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကလေး သူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး ပိုမိုပြည်စုံသည့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လက်ရှိ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေရ သည့် အခက်အခဲများအပေါ်မူတည်ပြီး ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတို့၏ အကြံပြုချက်များကို အလေးထားပြီး သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် လျော်ညီသလို မိမိတို့နိုင်ငံနှင့်လည်း လိုက်လျောညီထွေမည့် ဥပဒေတစ်ရပ်ဖြစ်ဖို့ လိုပါ ကြောင်း၊ အရေးကြီးသော အချက်များကို ဥပဒေရေးဆွဲစဉ်ကတည်းက သတ်မှတ်ထည့်သွင်း ပြဋ္ဌာန်းသွားဖို့ လိုမည်ဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံမဆို ဥပဒေများ ရေးဆွဲရာတွင် မိမိ နိုင်ငံ၏ အကျိုးစီးပွားအတွက်ကိုပါ ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာများတွင်သာ သတ်မှတ်ထားခြင်းသည် ပြည်သူများ နားလည်ရ ခက်ခဲမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မူလဥပဒေကို ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

      ထို့နောက် ဒုတိယဝန်ကြီးက ၁၉၉၃ ခုနှစ်က ရေးဆွဲခဲ့သော ကလေးသူငယ်ဥပဒေကို အခန်းကဏ္ဍအလိုက် ပြန်လည်သုံးသပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေ ဆိုသည်မှာ နိုင်ငံသူ၏နိုင်ငံသားတို့၏ အကျိုးစီးပွားကို အသိအမှတ်ပြုပေးခြင်း၊ အကာ အကွယ်ပေးခြင်းတို့ ဖြစ်ပါကြောင်း၊ ယခု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ တရားစွဲအဖွဲ့အစည်းများ၊ တရားသူကြီးများအနေဖြင့် လက်တွေ့ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်သည့် နိုင်ငံဖြစ်ပါ၍ မူဝါဒများ၊ ဥပဒေများ ချမှတ်ရာတွင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ဆောင်ရွက်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကို ပြန်လည်သုံးသပ်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် အကြံပြုတင်ပြလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ သက်ဆိုင်ရာ အခန်းများ တွင်ပါဝင်သည့် အကြောင်းအရာများအပေါ် တက်ရောက်လာကြသူများက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)နှင့်ပတ်သက်၍ ပြင်ဆင်ရန်လိုအပ်သည့် ကဏ္ဍအလိုက်အချိန်ယူ ပြင်ဆင်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR