ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ၁၁-၂-၂၀၂၆ ရက်၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ကလေးများသည်နိုင်ငံတော်၏ အဖိုးတန်လူ့စွမ်းအားအရင်းမြစ်များဖြစ်သောကြောင့်အရည်အသွေးမြင့်မားသော မျိုးဆက်သစ်များဖြစ်စေရေးစနစ်တကျပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကာလသည်ကိုယ်ဝန်ဆောင်စဉ်မှအသက် (၈)နှစ်အရွယ်အထိပါဝင်ပြီး လူသားဖွံ့ဖြိုးမှု၏အစောပိုင်းကာလများဖြစ်သောကြောင့်ကလေးသူငယ်များအားမှန်ကန်သော ပြုစုပျိုးထောင်မှု စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ကိုယ်ဝန်ဆောင်ကာလမှ ကလေးအသက် (၂)နှစ်အထိ ရက် (၁၀၀၀) အတွင်း အာဟာရထောက်ပံ့မှုများ၊မူကြိုပညာရေးနှင့်မိဘအသိပညာပေးအစီအစဉ်များ၊မူလတန်းကြိုဆရာမများအတွက်စွမ်းရည်မြှင့်သင်တန်းများ၊ရပ်ရွာအခြေပြုမိခင်ဝိုင်းအစီအစဉ်များအားနှစ်စဉ်ဘဏ္ဍာနှစ်အလိုက်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၁၄ရက်တွင်ကျင်းပခဲ့သောပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ၊နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကမူကြိုကျောင်း တက်ရောက်မှုမရှိခဲ့ဘဲKG နှင့်Grade 1တို့တွင်တက်ရောက်သည့်ကလေးငယ်များအားပညာသင်ကြားရေးကိုအထောက်အကူပြုစေမည့်အသက်အရွယ်နှင့်ကိုက်ညီသည့်သင်ကြားမှုစနစ်ကိုဆောင်ရွက်ပေးရန်လိုကြောင်း၊ထို့ကြောင့်မူလတန်းဆရာ၊ဆရာမများအားပညာရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှသက်ဆိုင်ရာသင်တန်းများသင်ကြားပေးခြင်းဖြင့် KG နှင့် Grade 1 တို့တွင်ပညာသင်ကြားလျက်ရှိသည့်ကလေးငယ်များ၏သင်ကြားသင်ယူမှုများပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားထားရှိပါသဖြင့်ပညာရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းစနစ်များနှင့်အညီ သင်ကြားနိုင်ရေး ဆရာဖြစ်သင်တန်း ၄ ကြိမ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်းဖွင့်လှစ်သွားမှာဖြစ်ပြီး ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန် ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များ၏အာဟာရပြည့်ဝရေး၊ကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေးဦးကလေးသူငယ် ဘဝပြုစုစောင့်ရှောက်မှုသည် အရေးပါကြောင်း၊ အထူးသဖြင့် ရှေးဦးအရွယ်ပြုစုပျိုးထောင်မှုရရှိခြင်းဖြင့် အသက်လွန်မှမူလတန်းကျောင်းဝင်မှု၊အချိန်မတိုင်မီကျောင်းထွက်နှုန်းမြင့်မားမှုစသည့်ပညာရေးစွမ်းဆောင်ရည်လိုအပ်ချက်များကိုလျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု၊ဘာသာစကားတို့နှင့်လိုက်ဖက်ညီသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့်  တိုင်းရင်းသားမျိုးနွယ်စုများအတွင်း ငြိမ်းချမ်းသော ဆက်သွယ်မှုများကို ဖြစ်စေနိုင်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းလမ်းများရောက်ရှိစေရန်အတွက်အစီအစဉ်များချမှတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် ကော်မတီဝင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြခဲ့ပါသည်။လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖတ်ကြားတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အစည်းအဝေးတက်ရောက်လာသူကော်မတီဝင်များက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR