ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက် တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်း ကာလသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက် တာလှုပ်ရှားမှုကာလဖြစ်ပါကြောင်း၊ ၁၆ ရက် တာလှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ကျား၊မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိအမြင်ကျယ်လာပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှပပျောက်စေရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာနိုင်ဖို့ ဖြစ်ပါကြောင်း၊  ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဆောင်ပုဒ်မှာ “UNiTE! Activism To End Violence against Women & Girls”: “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေးဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား စဉ်ကာလအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ ဖြစ်ပွားမှုနှုန်းမှာ ပိုမိုများပြားလာသည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် ကျား၊မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးဆိုသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် နံပါတ် (၅) ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCEDAW ၏ အကြံပြုချက်များ၊ ဘေဂျင်းကြေညာစာတမ်း ပါလုပ်ငန်းများ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်နှင့် အာဆီယံဒေသတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများအား ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို သတင်းပို့ တိုင်ကြားနိုင်ရန် (၂၄) နာရီ Helpline တယ်လီဖုန်း နံပါတ်“1566” ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ Viber, Facebook Page Messenger များ တည်ထောင်ထားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နဲ့ အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများအဖြစ် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာမြို့နဲ့ စစ်တွေမြို့ စသည့် နေရာ(၇)ခုမှာ One Stop Women Support Center -OSWSC) များကို ဖွင့်လှစ်ထားရှိခြင်း၊ အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖယ်ရှားပပျောက်စေရန်အတွက် အစိုးရကချည်း ဆောင်ရွက်နေ၍မရဘဲ ပြည်တွင်း၊ ပြည်ပအစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  အားလုံးအတူတကွ  ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဆောင်းပါးပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ အသိပညာပေး Video Clip ပြသခြင်းနှင့် Physical Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီးကော်မတီနဲ့ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရဌာနများနဲ့ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း (၁၁၆) ဦး in person ဖြင့် တက်ရောက်ခဲ့ကြပါသည်။



နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR