ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ နားမကြားသောကလေးများကျောင်း (မန္တလေး) တွင် ဖွင့်လှစ်ပို့ချမည့် မြန်မာစံလက်သင်္ကေတပြဘာသာစကားကူညီပံ့ပိုးသူမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) နာရီတွင် အဆိုပါဝန်ကြီးရုံး EC ခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးများ၊ မသန်စွမ်းသင်တန်းကျောင်းများမှကျောင်းအုပ်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉ခုနှစ်၊ ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏(၁၂.၈)ရာခိုင်နှုန်းဖြစ်သော(၅.၉၆၈)သန်းသည် မသန်စွမ်းသူများဖြစ်ပါကြောင်း၊ ၎င်းတို့အနက် အကြားအာရုံပိုင်းဆိုင်ရာအခက် အခဲရှိသူ အရေအတွက်သည်  (၁.၀၉၂) သန်းရှိပြီး  စုစုပေါင်းလူဦးရေ၏ (၂.၃၅) ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အကြားအာရုံမသန်စွမ်း သူများ၏ အဓိကအခက်အခဲသည် အခြားသူများနှင့်ဆက်သွယ်ခြင်းနှင့် ၎င်းတို့အတွက်သီးခြားရှိနေသည့် ဘာသာစကားကို လူ့အသိုက်အဝန်းအတွင်း သိရှိနားလည်မှုအားနည်းခြင်းတို့ဖြစ်ပါကြောင်း၊ ၎င်းအခက်အခဲကို ဥပဒေအရအကာအကွယ်ပေးနိုင်ရန်အတွက်  မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊  အခန်း (၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (စ)တွင် ဆက်သွယ်ခြင်း၏အဓိပ္ပါယ်ကို  ဖော်ပြထားသကဲ့သို့ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဆ)တွင်လည်း ဘာသာစကား၏ အဓိပ္ပါယ်ရှင်းလင်းချက်ကို ပြဌာန်းထားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများ မပြဌာန်းမီကထဲက  ရပ်ရွာအတွင်းရှိ အကြားအာရုံချို့ယွင်းအားနည်းသူများအတွက် အများနည်းတူ လူမှုအသိုက်အဝန်းအတွင်း ပိုမိုဝင်ဆံ့နိုင်ရေးနှင့် သတင်းအချက်အလက် ပိုမိုရရှိနိုင်ရေး ရည်ရွယ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် Japan International Cooperation Agency (JICA)တို့  ပူးပေါင်းပြီး ၂၀၀၇ခုနှစ်ဒီဇင်ဘာလမှ ၂၀၁၀ခုနှစ် ဒီဇင်ဘာလအထိ စီမံကိန်းပထမအဆင့်ကိုလည်းကောင်း၊ ၂၀၁၁ခုနှစ် ဩဂုတ်လမှ ၂၀၁၄ ခုနှစ် ဩဂုတ်လအထိ စီမံကိန်းဒုတိယအဆင့်ကိုဆောင်ရွက်ခဲ့ရာ သင်တန်းနည်းပြဆရာ/ဆရာမ(၉)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့နောက် နားမကြားသော ကလေးများကျောင်း(ရန်ကုန်)တွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ  သင်တန်းကာလ(၁၈) လကြာမြင့်သည့် လက်သင်္ကေတပြဘာသာစကားကူညီပံ့ပိုးသူသင်တန်း အမှတ်စဉ် (၁) မှ (၄) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၇၉) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်း၏ အကျိုးဆက်အနေဖြင့်  လက်သင်္ကေတပြဘာသာစကားဝန်ဆောင်မှုပေးရာဌာနကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မိမိတို့ဌာန၏ နားမကြားသောကလေးများကျောင်းများတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး အကြားအာရုံမသန်စွမ်း သူများအတွက်ဆေးရုံ၊ ဆေးခန်းသွားခြင်း၊ အလုပ်အင်တာဗျူးဖြေဆိုခြင်း၊ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အခမ်းအနားများတွင်  တက်ရောက်ဆွေးနွေးခြင်း၊ တရားရုံးများနှင့်ရဲစခန်းများမှ အကူအညီတောင်းခံလာသော ကိစ္စရပ်များတွင် ကူညီခြင်းအစရှိသည့်လိုအပ် သောနေရာများတွင် လက်သင်္ကေတပြဘာသာစကားဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အဆိုပါ လက်သင်္ကေတပြဘာသာစကားကူညီပံ့ပိုးသူသင်တန်းအမှတ်စဉ်(၁)မှ(၄)အထိဖွင့်လှစ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်း (၄၄) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုအခါ လက်သင်္ကေတပြဘာသာ စကားကူညီပံ့ပိုးသူ သင်တန်းဆင်းဝန်ထမ်းများသည် လက်သင်္ကေတပြဘာသာစကား အသုံးပြုမှုနည်းပါးခြင်းနှင့် ကျွမ်းကျင်မှုများ အားနည်းနေခြင်းကြောင့် ယခုကဲ့သို့ မြန်မာစံလက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူမွမ်းမံသင်တန်း  Phase–I ကို  ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လက်သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူများအား တရားဝင်အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လက်သင်္ကေတပြဘာသာစကားကူညီပံ့ပိုးသူများကို ထပ်မံမွေးထုတ်ပေးနိုင်ရေး၊ ရှေ့လုပ်ငန်းစဉ် အနေြဖင့် Service Provider Association ဖွဲ့စည်းရေးအတွက်လည်း လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက် ခဲ့ကြပါသည်။

သင်တန်းကို (၄.၇.၂၀၂၂) ရက်နေ့မှ (၂၉.၇.၂၀၂၂) ရက်နေ့အထိ (၁) လတာ ဖွင့်လှစ်မည် ဖြစ်ပြီးသင်တန်းတွင်လက်သင်္ကေတပြဘာသာစကားကူညီပံ့ပိုးသူသင်တန်းဆင်း လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်း (၉) ဦးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော်)မှ ဝန်ထမ်း (၂) ဦး၊ သင်တန်းသား/သူ စုစုပေါင်း (၁၁) ဦး  ပါဝင်တက်ရောက်ကြမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR