ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကို(၂၉-၉-၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး၌ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)သည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဒုတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၂၂-၂၀၂၃)ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက(၂၁-၇-၂၀၂၂)ရက်နေ့တွင် ခွင့်ပြုခဲ့ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၂၂-၂၀၂၃)ကိုအကောင်အထည်ဖော်နိုင်ရေးအတွက်ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန် ကြေညာချက်ကို (၁၈-၈-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာအလင်း၊ ကြေးမုံနှင့် The Global News Light of Myanmar တို့တွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်ကာကွယ်တားဆီးရေးကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်မည့် ကာကွယ်တားဆီးရေးကော်မတီရုံးအဖွဲ့ ဖွဲ့စည်းပုံ(မူကြမ်း)နှင့်လုပ်ငန်းတာဝန်များ(မူကြမ်း)တို့ကိုအတည်ပြုချမှတ်နိုင်ရန်၊ လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းစဉ်တို့အားဆောင်ရွက်ရာတွင် လိုအပ်မည့်ပူးပေါင်းဆောင်ရွက်မှုတို့ကိုဆွေးနွေးညှိနှိုင်းရန်ရည်ရွယ်ပြီး ယနေ့ညှိနှိုင်းအစည်းအဝေးကိုခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးပါသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားဆိုင်ရာ Helpline ဖုန်းနံပါတ်၊ 4Digit 1566 ကိုပြည်သူလူထုအနေဖြင့် သိရှိတိုင်ကြားနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အခါအားလျော်စွာထုတ်ပြန်ကြေညာလျက်ရှိနေပြီဖြစ်ပါကြောင်း၊ လက်ရှိအရှိန်အဟုန်ရရှိနေသည့် အပြုသဘောဆောင်သောတိုးတက်မှုတို့ကိုပံ့ပိုးဆောင်ရွက်ပေးကြသည့်ကာကွယ်တားဆီးရေးကော်မတီနှင့်လုပ်ငန်းကော်မတီဝင်အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနှင့် အောင်မြင်မှုတို့ကိုလည်းဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးကကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)၏ ဆုံးဖြတ်ချက်များဆောင်ရွက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ ၊ ကာကွယ်တားဆီးရေးကော်မတီ၊ ရုံးအဖွဲ့ ဖွဲ့စည်းပုံ (မူကြမ်း) နှင့် လုပ်ငန်းတာဝန်များ (မူကြမ်း) တို့ကိုရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR