ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသည့် လူမှုရေးပညာ တက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးကော်မတီနှင့်  သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအား အရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီတို့၏ ပထမအကြိမ် ပူးပေါင်းညှိနှိုင်း အစည်းအဝေးကို (၁၅.၃.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ကော်မတီဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့ ဝန်ကြီးဌာနသည် လူမှုရေးပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစိုက်မတ်မတ် အားထုတ်လျက်ရှိပြီး လူမှုရေးပညာကို နိုင်ငံတကာ အဆင့်မီ ဘွဲ့သင်တန်းများ ဖွင့်လှစ်၍  ဘွဲ့အပ်နှင်းနိုင်ရေးအတွက် ရေရှည်မျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုရေးပညာတက္ကသိုလ်တစ်ခုကို နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ နိုင်ငံတော် အစီအစဉ်ဖြင့် နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ် သွားမည့် Nay Pyi Taw State University ၏ တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်သွားရန် ကော်မတီဖွဲ့စည်းမှုကိုလည်း ယခုကဲ့သို့  လူမှုရေးပညာ တက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ကော်မတီနှင့် သင်ရိုးညွှန်တမ်းရေး ဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေး လုပ်ငန်းကော်မတီတို့အဖြစ်  ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါကြောင်း၊ လူမှုရေး ပညာအနေဖြင့် ပညာဌာန (Department) (သို့မဟုတ်) ဘွဲ့သင်တန်းများ ပို့ချသော ကျောင်း (Graduate School) စသဖြင့် ပါဝင်လာမှာ ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး၏ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်တို့ အရ သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေး လုပ်ငန်းကော်မတီ အတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လူမှုဝန်ထမ်းလုပ်ငန်း ရပ်များသည်  အလွန်ကျယ်ပြန့်ပါကြောင်း၊ ပြည်သူ့လူထုအား ကူညီကယ်ဆယ်ထောက်ပံ့နေရ သည့် လုပ်ငန်းရပ်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအတွက်သာမက မြန်မာ့လူ့အသိုင်းအဝိုင်း အတွက်ပါ အလွန်အရေးကြီးပါကြောင်း၊ ထိုလုပ်ငန်းရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်၍ အောင်မြင်စွာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းပညာရပ်များတွင် ကျွမ်းကျင်မှုမြင့်မားသည့် ပညာရှင်များမွေးထုတ်ပေးနိုင်ရေး လူမှုရေးပညာ တက္ကသိုလ်သည် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊သို့ဖြစ်ပါ၍အစည်းအဝေးတက်ရောက်လာကြသူမျာမှ မိမိတို့၏ အတွေ့အကြုံတွေကို မျှဝေရင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပညာတက္ကသိုလ်ဖွင့်လှစ်နိုင် ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အကြောင်းအရာများအား ဖြည့်စွက်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ တွင် လူမှုရေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ဆက်လက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး မွန်းလွဲ (၁၂:၃၀) နာရီတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR