ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနက Quick Win Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်ကိုဗစ်-၁၉ကာလအတွင်းကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံချက်အကောင်အထည်ဖော်ရေးတွင် အသက်မွေးဝမ်းကျောင်းသင်တန်းပူးပေါင်းပါဝင်ဖွင့်လှစ်သော မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဉတ္တရသီရိမြို့နယ်၊ ဇဝနနေ့ကလေးထိန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ နေပြည်တော်အမျိုးသမီးကော်မတီဉက္ကဋ္ဌဦးမြင့်စိုး၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဉက္ကဋ္ဌဒေါက်တာနန္နာမွှန်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဉက္ကဋ္ဌဒေါ်သူဇာဝေ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊သင်တန်းနည်းပြများ၊ နေပြည်တော်လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ သကြားဟင်းအိုးကျေးရွာတို့မှသင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် ဒုတိယဝန်ကြီးကကမ္ဘာ့ကပ်ရောဂါကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားထိခိုက်မှုများကြောင့် အမျိုးသမီးများ၏အလုပ်အကိုင်အခွင့်အလမ်းများကိုထိခိုက်စေပါကြောင်း၊အမျိုးသမီးအများစုသည်နယ်ပယ်အသီးသီးတွင် ယဉ်ကျေးမှု၊ ဓလေ့စည်းကမ်းများအရအိမ်မှုကိစ္စများကိုမိမိတာဝန်အဖြစ်လုပ်ဆောင်၍ မိသားစုကိုပံ့ပိုးပေးရပါကြောင်း၊  ဖွံ့ဖြိုးတိုးတက်ပြီးကာလများတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်အတူရင်ဘောင်တန်းလုပ်ဆောင်လာနိုင်ပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှုများကိုကုစားရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ခြင်းသည် သူတို့၏မိသားစုကိုတိုးတက်စေခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ငြိမ်းချမ်းမှုနှင့် တန်းတူညီမျှမှုတို့ကိုရရှိနိုင်မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့်  ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို စီမံချက်(၁၊၂၊၃)အဆင့်ဆင့် သတ်မှတ်၍ နေပြည်တော်လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ သကြားဟင်းအိုးကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိရာစီမံချက်အဆင့်(၂)၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့်နည်းပညာဆိုင်ရာသင်တန်းများအဖြစ် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဝါးလက်မှုသင်တန်းဖြစ်ပြီး သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော ဝါးများကိုစနစ်တကျအသုံးပြု၍အိမ်တွင်းလက်မှုထည်ပစ္စည်းများစနစ်တကျစီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန်ထိရည်ရွယ်သင်ကြားသည့် အစီအစဉ်ဖြစ်တဲ့အတွက်မိသားစုဝင်ငွေတိုးပွားစေမည့်အပြင်ဈေးကွက်စီမံခန့်ခွဲမှုကိုလည်းသိရှိနားလည်နိုင်မည်ဖြစ်၍ အကျိုးရှိတဲ့သင်တန်းတစ်ခုဖြစ်ပါကြောင်း၊သင်တန်းသူများအနေဖြင့်တတ်မြောက် သည်မှ ပိုမိုဖန်တီးတီထွင်နိုင်သည်အထိကြိုးစားသင်ယူကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဉက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီးသင်တန်းနည်းပြကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းတင်ပြခဲ့ပါသည်။

ယခုဖွင့်လှစ်မည့် ဝါးလက်မှုသင်တန်းကို(၂၃.၁၁.၂၀၂၂)ရက်နေ့မှ (၂၉.၁၁.၂၀၂၂)ရက်နေ့အထိ (၇)ရက်ကြာသင်ကြားသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR