ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


နိုင်ငံအတွင်းရှိပရဟိတဂေဟာများတွင် ကလေးသူငယ်များအားလက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်၍ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေအား လေ့လာဆန်းစစ်သည့်သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်ညှိနှိုင်းအစည်းအဝေးအားယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအထွေထွေအတွင်းရေးမှူး၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားရာတွင်၂၀၂၂ခုနှစ်၊ ဩဂုတ်လ၂၂ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂)ပြုလုပ်ခဲ့သောဆုံးဖြတ်ချက်အရနိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင်ကလေးသူငယ်များလက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဥပဒေနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေအားလေ့လာဆန်းစစ်သည့်သုတေသနလုပ်ငန်းကိုမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်းဆောင်ရွက်ရန်ဆုံးဖြတ်ထားရှိခဲ့ပြီးအဆိုပါဆုံးဖြတ်ချက်အားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ညှိနှိုင်းအစည်းအဝေးအားကျင်းပရခြင်းဖြစ်ပါကြောင်း၊ကလေးသူငယ်များ၏အခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက်ရန်နှင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ INGOs/NGOsများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး UNCRCပါကလေးသူငယ်များနှင့်ပတ်သက်ပြီးအသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် (Protection)နှင့်ပါဝင်ဆောင်ရွက်ခွင့် (Participation)စသည့်ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို Focal Ministry အနေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအခွင့်အရေး(၄)ရပ်ကို အကောင်အထည်ဖော်ရာတွင်ဝန်ကြီးဌာနအနေဖြင့်ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့်များအတွက်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ(၂၀၁၄)၊ နည်းဥပဒေ(၂၀၁၅)၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)၊ ပရဟိတဂေဟာ၊ သင်တန်းကျောင်းများတွင်အနိမ့်ဆုံးထားရှိရမည့်စံချိန်စံညွှန်းများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်စသည်တို့ကိုရေးဆွဲပြဋ္ဌာန်းခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနလုပ်ငန်းသည်အရေးပါပါကြောင်း၊ သုတေသနမှထွက်ပေါ်လာသော ရလဒ်များဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာနအနေဖြင့် လူမှုရေးပညာဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ လူမှုရေးပညာဘွဲ့၏ သင်ရိုးညွှန်းတမ်းတွင် သုတေသနဘာသာရပ်ထည့်သွင်းပါရှိပါကြောင်း၊လူမှုရေးပြဿနာများနှင့်ပတ်သက်သော သုတေသနများလုပ်ဆောင်ခြင်းဖြင့် နောက်ပိုင်းတွင် သုတေသနလုပ်ငန်းများပို၍အရှိန်ရအားကောင်းလာမှာဖြစ်ပါကြောင်း၊သုတေသနမှထွက်ပေါ်လာသော ရလဒ်များကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးတွင် ရှင်းလင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီးလိုအပ်ချက်များအပေါ်မည်သို့ဖြေရှင်းဆောင်ရွက်ပေးရမည်ဆိုသည့်နည်းလမ်းများရရှိလာမှာဖြစ်ပါကြောင်း၊ကလေးများသည်မိမိတို့၏နိုင်ငံ့အနာဂတ်များဖြစ်ပါကြောင်း၊နိုင်ငံ့အနာဂတ်ကလေးများအတွက်မိသားစုမှစတင်ပြီး မိသားစုဘဝကိုပိုပြီးအလေးထားခြင်းဖြင့်မိသားစုဘဝပို၍ကောင်းမွန်ပြီးမိသားစုကောင်းလျှင် Society တစ်ခုလုံးကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ကလေးများသည်လည်းဂေဟာသို့သွားရသည့်ပမာဏမှာလျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်မိသားစုနှင့်မနေရသော၊  ပရဟိတဂေဟာများတွင်ရောက်ရှိနေသောကလေးများကိုနိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များအဖြစ်သတ်မှတ်၍ တန်ဖိုးထားစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ မိသားစုတွင်းရှိ ကလေးများသာမက ပရဟိတဂေဟာများရှိ ကလေးများပါကလေးသူငယ်အခွင့်အရေးများအပြည့်အဝရရှိကာ မိမိကိုယ်ကိုတန်ဖိုးထားအလေးထားတတ်စေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍နိုင်ငံအတွင်းရှိပရဟိတဂေဟာများတွင် ကလေးသူငယ်များလက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေအား လေ့လာဆန်းစစ်သည့်သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခြင်းနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများကအထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များချမှတ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကိုနေ့လယ် (၁၁ : ၄၀ ) တွင်ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR