ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက သင်တန်းအဖွင့်အမှာ စကားပြောကြားရာ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software ကို တပ်မတော်ကွန်ပျူတာပညာရှင်များက နည်းပညာပိုင်းဆိုင်ရာကူညီမှုများကြောင့် ယနေ့ကဲ့သို့ အကောင်အထည်ပေါ်အောင်မြင်ခဲ့ခြင်း ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ်(SMIS)ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်၌ပါဝင်သော အဓိကလုပ်ငန်း (Flagship Programmes) များအားလုံးကို SMIS Platform တစ်ခုတည်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး  မဟာဗျူဟာစီမံချက်၌ပါဝင်သော  အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်  (Maternal and Child Cash Transfer Program- MCCT Program) လူမှုရေးပင်စင်အစီအစဉ် (Social Pension Program) နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်းအစီအစဉ် (Case Management Program) တို့ကို  SMIS Software စနစ်ဖြင့် ကနဉီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ SMIS Software ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို စီမံခန့်ခွဲရာ၌ အရင်းအမြစ်များကို မျှဝေသုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်များ သက်သာစေမည်ဖြစ်ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ရယူခံစားလျက်ရှိသော အကျိုးခံစားသူများ၏ ပြီးပြည့်စုံသောအချက်အလက်များကိုထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး စောင့်ကြည့်ကြီးကြပ် အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အစီရင်ခံခြင်း ကိစ္စရပ်များအတွက် လိုအပ်သော အချက်အလက်များကို ရယူနိုင်မည်ဖြစ်ခြင်း၊ လက်ရှိအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အစီအစဉ်အသစ်များကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ အကျိုးခံစားသူများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးရာတွင် ရည်ရွယ်ချက်များနှင့်အညီ ပိုမိုထိရောက် အောင်မြင်စွာဝန်ဆောင်မှုပေးနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲရန်နှင့် ဖြေရှင်းမှုများအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနမှကိုယ်တိုင် ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်မည် ဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်သည့်အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် SMIS Software ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ ပိုမိုကောင်းမွန်ထိရောက်လာစေခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေသက်သာခြင်း၊ သတင်းအချက်အလက်များပိုမိုလုံခြုံစိတ်ချရခြင်းများစွာသောအကျိုး ကျေးဇူးများ ရရှိမှာဖြစ်တဲ့အတွက် နည်းပညာကူညီပံ့ပိုးပေးသော တပ်မတော်ကွန်ပျူတာပညာရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်သင်တန်းသား၊ သင်တန်းသူများ အနေနှင့်လည်း ဌာနတွင်း လက်ဆင့်ကမ်းပြန်လည်သင်ကြားနိုင်ရေးအတွက် ယနေ့ဖွင့်လှစ်တဲ့ SMIS Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းမှနည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအား အထူးဂရုပြုအလေးအနက်ထား၍ လိုက်နာသင်ယူသွားကြရန် တိုက်တွန်းမှာကြားလို ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်သတင်းနှင့်နည်းပညာဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး  သင်တန်းကာလရက်သတ္တ(၂)ပါတ်အကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ထံသို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်  UNHCR အဖွဲ့က ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ခရီးစဉ်အတွင်း IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ခဲ့မှုနှင့် လေ့လာတွေ့ရှိချက်များ၊ IDP နှင့် တိုက်ပွဲရှောင်များ၊ နေရပ်ပြန်ရာတွင် UNHCR အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များ၊ ထိခိုက်လွယ်အုပ်စုများအား လူသားချင်းစာနာမှုအကူအညီပေးမှု အခြေအနေများ၊ နေရပ်ပြန်များအတွက်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ အရေးကြီးမှုနှင့် ဆောင်ရွက်နိုင်သည့်ကိစ္စများ၊ အခြေအနေအရပ်ရပ်ကြောင့် လတ်တလောနေရပ်ပြန်နိုင်ခြင်းမရှိသေးသူများအား ကူညီပံ့ပိုးနိုင်ရေးဆိုင်ရာများ၊ ထောက်ပံ့ကူညီရေးလုပ်ငန်းအတွက် ခရီးသွားလာခွင့်ဆိုင်ရာများ၊ ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာအသစ်  လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ရေးညှိနှိုင်းမှုအခြေအနေ၊  ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အထောက်အကူပြုမည့်လုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းနိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ အာဆီယံပူးပေါင်း၍ ဆောင်ရွက်နေသောစီမံကိန်းများ အကောင်အထည်ဖော်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လျာထားစီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်များအား ရှင်းလင်းအသိပေးခြင်း၊ UNHCR အနေဖြင့် အဆင့်တိုင်းတွင် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို အသိပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR