ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် လူမှုဝန်ထမ်းဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် စစ်တွေမြို့၊ ဘိုးဘွားရိပ်သာသို့ ရောက်ရှိ ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုကာ ရိပ်သာတွင်နေထိုင်လျက်ရှိ သော ဘိုးဘွားများအား ဂါရဝပြုနှုတ်ဆက်ကာ ဘိုးဘွားများ၏ စားသောက်နေထိုင်မှုအခြေအနေများ အား ကြည့်ရှုစစ်ဆေးရာ ဘိုးဘွားရိပ်သာကြီးကြပ်ရေးမှူး ဦးစောဝင်းက မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးမှုအခြေအနေများနှင့် အပျက်အစီးရှင်းလင်းရေး ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရိပ်သာဓမ္မာရုံအတွင်း ဘိုးဘွားများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကာ ဘိုးဘွားရိပ်သာမွမ်းမံပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းငွေ ကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရိပ်သာ ကြီးကြပ်ရေးမှူး ဦးစောဝင်းကလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဘိုးဘွားများက လှူဒါန်းမှုအတွက် ဆုတောင်းမေတ္တာများ ပြန်လည်ပို့သခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့၊ကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ကလေးပြုစုရေးဌာနမှ ကလေးငယ်များအား တွေ့ဆုံနှုတ်ဆက်အားပေး ကာ မုန့်များ ဝေငှခဲ့ပြီး ကလေးငယ်များ လတ်တလော စားသောက်နေထိုင်မှုအဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်း အမိုးလန်ပျက်စီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများအား တွေ့ဆုံ နှုတ်ဆက်အားပေးခြင်းများ ဆောင်ရွက်ခဲ့ကာ လတ်တလောကာလအတွင်း ဝန်ထမ်းမိသားစုများ စားသောက်နေထိုင်မှုအဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး အားထုတ်ကြိုးပမ်းရမည့်အချက်များအား လမ်းညွှန်မှာ ကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မုန်တိုင်းဒဏ်ကြောင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေမြို့ ပြည်နယ်သိုလှောင်ရုံ ထိခိုက်ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ရေးပစ္စည်းများ အလေအလွင့် မရှိစေရေး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစီအစဉ်ဖြင့် သတ်မှတ်နေရာများသို့ အမြန်ဆုံးဖြန့်ခွဲပို့ဆောင်နိုင်ရေး၊ စာရင်းဇယားများ စနစ်တကျ မှတ်တမ်းတင် ထားရှိရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်ရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR