ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဉက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့်အတူ (၂၁-၃-၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင်   အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)Online ပုံစံဖြင့် ပြုလုပ်သည့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြားအနေများအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်း အစီအစဉ်တွင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ မိမိတို့အနေဖြင့် လက်ရှိြဖစ်ပေါ်နေသော မုန်တိုင်းငယ်လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ မပြတ်စောင့်ကြပ်လျက်ရှိရာ လေတိုက်နှုန်းမှာ ပိုမိုအားကောင်း လာသည်ကိုတွေ့ပါကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကိုတားဆီး၍ မရသော်လည်း လိုအပ်သောကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံးဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများ အနေဖြင့်လည်း အရေးပေါ်အစည်းအဝေးခေါ်ယူကာ ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် ကြိုတင်ပြင်ဆင်မှုများအပြင် ပရဟိတလူမှုကူညီရေးအဖွဲ့များကိုလည်း ပူပေါင်းပါဝင်ကူညီနိုင်ရေး အသိပေးနှိုးဆော်ထားစေလိုပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန သိုလှောင်ရုံများ တွင် ကယ်ဆယ်ရေးပစ္စည်းများကို သိုလှောင်ထားရှိပြီးဖြစ်သော်လည်း လိုအပ်လာနိုင်သည့် ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ရေသန့်နှင့် ရေသန့်စင် ဆေးပြားများ အလွယ်တကူ ရရှိနိုင်ရေးကြိုတင်စီမံထားရမည်ဖြစ်ပါကြောင်း၊ လက်ရှိခန့်မှန်းချက်များအရ မုန်တိုင်းဝင်ရောက် လာနိုင်သောလမ်းကြောင်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်းတို့ရှိ သက်ရောက်မှုရှိနိုင်သော မြို့ရွာများရှိ အိမ်ထောင်စု၊ လူဦးရေစာရင်း ကိုပြုစု၍ အရေးပေါ်လိုအပ်ချက်များပံ့ပိုးပေးနိုင်ရေး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သိုလှောင်ထားရှိသော ကယ်ဆယ်ရေပစ္စည်းများ ပျက်စီးမှုမရှိစေရေး ဂရုပြုစီမံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တာဝန်ခွဲဝေမှုများအား စနစ်တကျ စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပစ္စည်းများပို့ဆောင်မည့် လူ၊ ယာဉ်၊ ယန္တရားလိုအပ်ချက်များ ကြိုတင်ပြဆင်ထားရှိရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

      ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သက်ဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးတို့က မုန်တိုင်းငယ်နှင့် ပတ်သက်၍ ဒေသအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ကယ်ဆယ်ရေး ပစ္စည်းများ စုပုံထားရှိမှုအခြေအနေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ဒေသအာဏာပိုင်များ၊ သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြ၍ မုန်တိုင်းကြောင့် ပြည်သူများယာယီရွှေ့ပြောင်းပါက ခိုလှုံရန်မုန်တိုင်း ဒဏ်ခံအဆောက်အဦများ အခြေအနေ၊ မုန်တိုင်းဒဏ်ခံအဆောက်အဦများ မရှိသည့်ဒေသ၌ ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံများ အသုံးပြုနိုင်ရေး အရန်စီစဉ်ထားရှိမှုနှင့် လိုအပ်ပါက ရွက်ဖျင်တဲများ အသင့်ထောက်ပံ့နိုင်ရေး စီစဉ်ထားရှိမှု အခြေအနေအပါအဝင် စားရေရိက္ခာတို့အား ဒေသတွင်း သက်ဆိုင်ရာ ဆန်ကုန်သည်အသင်းကြီးများနှင့် ချိတ်ဆက်၍ ထောက်ပံ့နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က လိုအပ်သည်များမှာကြားပြီး အဆိုပါလိုအပ်ချက်များအပေါ် ဖြည့်စွက်ပေးရမည့်အခြေအနေတို့အား သက်ဆိုင်ရာ တိုင်းဒေသကြီး     /ပြည်နယ်ဦးစီးမှူးများနှင့် အသေးစိတ်ဆွေးနွေးမှာကြားပါသည်။ဆက်လက်၍ အစည်းအဝေး၌ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)မှ တာဝန်ရှိသူ တစ်ဦးက မုန်တိုင်းငယ်နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအား မျှဝေခဲ့ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက မုန်တိုင်းငယ်အရှိန်ကြောင့် ၎င်းတို့ဒေသအတွင်း မိုးရွာသွန်းမှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။ အဆိုပါတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်လာနိုင်သည့် စက်သုံးဆီနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ဖြည့်စွက်မှာကြားပြီး အစည်းအဝေးအား နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုများ လက်ခံရယူရေး (Phase-2) အစီအစဉ်အတွက် အဓိကတာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် အား အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi နှင့်အဖွဲ့က ယနေ့ညနေပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်နေသောစီမံကိန်း(၇)ခု၏ ဆောင်ရွက်ပြီးစီးမှုနှင့် ညှိနှိုင်းဆဲအခြေအနေများ၊ စတုတ္ထအကြိမ်မြောက် အဆင့်မြင့်အရာရှိများ ညှိနှိုင်းအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များ၊ သဘာဝဘေးသာမက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အစိုးရဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအစီအစဉ် ကိစ္စရပ်များနှင့် ၂၀၂၁ ခုနှစ် ဧပြီလကကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ အထူးအစည်း အဝေးက ချမှတ်ခဲ့သော တူညီဆန္ဒ (၅)ချက်အနက် စတုတ္ထအချက်ဖြစ်သည့် မြန်မာနိုင်ငံသို့ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် အာဆီယံနှင့်ပူးပေါင်း၍ လိုအပ်ချက် ဆန်းစစ်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံသို့လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ရန်ပုံငွေစုစည်းမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံကိုယ်စားလှယ်အဖွဲ့တွင်အာဆီယံအတွင်းရေးမှူးချုပ်နှင့်အတူ အာဆီယံနိုင်ငံရေး နှင့် လုံခြုံရေးအသိုက်အဝန်း၊ ဒုတိယအတွင်းရေးမှူးချုပ် Mr. Robert Matheus Michael Tene ASEAN Ad-hoc Supprot Team အကြီးအကဲဖြစ်သူ Mr. Pratap Parameswaran     နှင့် AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming တို့လည်းလိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR