ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်ပနိုင်ငံများတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်တို့ဦးဆောင်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ပြည်ပနိုင်ငံများမှ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို တစ်လလျှင်တစ်ကြိမ်ဆောင်ရွက်လျက်ရှိရာ ယနေ့အစီအစဉ်သည် တတိယအကြိမ်ဖြစ်ပါကြောင်း၊ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်ပခရီးစဉ်များသွားရောက်ခဲ့သူများအား မိမိတို့လေ့လာခဲ့သည်များကို ပိုမိုနားလည်သိရှိနိုင်စေရန်နှင့်ဝန်ကြီးဌာနမှတာဝန်ရှိအကြီးအကဲများအနေဖြင့်နိုင်ငံတကာကဆောင်ရွက်လျက်ရှိသော လုပ်ငန်းအစီအစဉ်များကို ခေတ်နှင့်အညီသိရှိပြီး လိုက်ပါဆောင်ရွက်နိုင်စေရန်၊ တက်ရောက်လာသူ ဝန်ထမ်းများအနေဖြင့်လည်း ဘာသာရပ်များအကြောင်းသိရှိစေပြီး ဌာနအချင်းချင်း ပိုမိုပူးပေါင်းလုပ်ဆောင်မှုအားကောင်းစေရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ ရုံးလုပ်ငန်းကျွမ်းကျင်မှု၊ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ITနည်းပညာများကျွမ်းကျင်မှု ရှိရန်လိုပါကြောင်း၊  ရုံးလုပ်ငန်းနှင့် IT ကျွမ်းကျင်မှုရှိစေရန် ဝန်ကြီးဌာနအနေဖြင့် အခြေခံနှင့်အဆင့်မြင့်ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် သစ်လွင်ဝန်ထမ်းများအတွက် ITနည်းပညာသာမက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရန် သင်ကြားပေးလျက်ရှိပါကြောင်း၊ထို့အတူ ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်လည်းလိုပါကြောင်း၊ယခုကဲ့သို့ ပြန်လည်ရှင်းလင်းတင်ပြခြင်းဖြင့် Public Speaking Skill တိုးတက်လာစေမည် ဖြစ်ပါကြောင်း စသဖြင့်ပြောကြားခဲ့ပါသည်။ အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်တွင်ထိုင်းနိုင်ငံတွင် Strengthening Disability-Inclusive Disaster Risk Reduction (DIDRR)in the ASEAN Region သင်တန်းတက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး(၁)ဦး၊ထိုင်းနိုင်ငံတွင် Ministry of Social Development and Human Security လက်အောက်ရှိဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသော မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများပြန်လည်ခေါ်ယူရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များဆောင်ရွက်ရန် သွားရောက်ရေးကိစ္စဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အရာထမ်း(၂)ဦးနှင့်စင်ကာပူနိုင်ငံတွင်အာဆီယံအရေးပေါ်ဆက်သွယ်ရေးကွန်ရက်နှင့် ဆက်သွယ်ရေးစနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၂)ဦးတို့က ဘာသာရပ်ဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခြင်း၊ အပြန်အလှန်အတွေ့အကြုံများမျှဝေခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ပြည်ပနိုင်ငံများတွင်သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို (၁၄-၃-၂၀၂၃)ရက်နေ့မှ (၁၅-၃-၂၀၂၃)ရက်နေ့အထိနှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR