ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသောလေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီးခန့်မှန်းချက်များအရမြန်မာနိုင်ငံဘက်သို့ဖြတ်သန်းဝင်ရောက်နိုင်သည့်အခြေအနေရှိနေသဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့်မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာမြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းဖြတ်သန်းဝင်ရောက်ပါက ဘေးဒဏ်ခံစားရနိုင်သည့်ပြည်သူများအတွက်အရေးပေါ်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊မြန်မာသံရုံး၏စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကစုပေါင်းလှူဒါန်းသောထိုင်းဘတ်ေငွ(၁,၀၇၇,၂၆၃)တန်ဖိုးရှိအသင့်စားခေါက်ဆွဲခြောက် (၁၅၈၆၄၀)ထုတ်လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကိုယနေ့မွန်းလွဲ(၃)နာရီကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC)၌ကျင်းပခဲ့ပါသည်။ထောက်ပံ့လှူဒါန်းသည့်ခေါက်ဆွဲခြောက်များသည်ယနေ့နေ့လည်(၂)နာရီအချိန်ခန့်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီးနိုင်ငံခြားရေးဝန်ကြီးဌာန၊ညွှန်ကြားရေးမှူးချုပ်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာနေပြည်တော်တွင်ပြုလုပ်သည့် အခမ်းအနား၌ထိုင်းနိုင်ငံရောက်မြန်မာများကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါခေါက်ဆွဲခြောက်များကိုရခိုင်ပြည်နယ်သို့ (၃၀၀၀၀)ထုပ်၊ဧရာဝတီတိုင်းဒေသကြီးသို့ (၃၀၀၀၀)ထုပ်တို့ကိုကြိုတင်ဖြန့်ခွဲပေးပို့သွားမည်ဖြစ်ပြီး ကျန်ခေါက်ဆွဲထုပ်များကိုရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံတွင်အရန်သင့်သိုလှောင်ထားရှိပြီးလိုအပ်သည့်နေရာများသို့ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ယနေ့မွန်းလွဲ(၃)နာရီတွင်စတင်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဆောင်၍အရေးပေါ်တုံ့ပြန်ရေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှစီမံခန့်ခွဲဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ခန့်မှန်းချက်များအရလေဖိအားနည်းရပ်ဝန်းမှဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီးမြန်မာနိုင်ငံဘက်သို့ဝင်ရောက်လာနိုင်သည့်မုန်တိုင်းဘေးနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်ဦးဆောင်၍အရေးပေါ်အစည်းအဝေးကို (၆-၅-၂၀၂၃)နေ့တွင် ခေါ်ယူကျင်းပခဲ့ပြီးအရေးပေါ်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုချမှတ်ခဲ့ပါကြောင်း၊ ထို့အပြင်တည်မြဲအမိန့်(၂၀၂၂) တွင်လည်းအရေးပေါ်အချိန်ဆောင်ရွက်ရမည့်လုပ်ငန်းများပါရှိပြီးဖြစ်ပါကြောင်း၊အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကိုအချိန်နှင့်တပြေးညီစီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက်DMC ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊DMC တွင်အဖွဲ့ခေါင်းဆောင်အဖြစ်အမျိုးသားကော်မတီအတွင်းရေးမှူးဖြစ်သည့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်လုံခြုံရေးလုပ်ငန်းကော်မတီမှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှလည်းကောင်း၊တွဲဖက်အတွင်းရေးမှူးအဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှလည်းကောင်းဆောင်ရွက်ရန်အဆိုပြုလိုကြောင်း၊ DMC ကို(၂၄)နာရီဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီးနေ့စဉ် ညနေ(၃)နာရီတွင်အစည်းအဝေးပြုလုပ်ပြီးလိုအပ်သည်များအမြန်ဆုံးစီမံဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့်DMC ရုံးအဖွဲ့ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍လမ်းညွှန်ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက DMC ဖွင့်လှစ်မှုနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုရှင်းလင်းပြောကြားပါသည်။ထို့နောက်လုပ်ငန်းကော်မတီအသီးသီးမှကိုယ်စားလှယ်များကကော်မတီအလိုက်ဆောင်ရွက်ထားရှိမှုများ၊ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ဆွေးနွေးပြောကြားကြပြီးပြည်ထောင်စုဝန်ကြီးကဖြည့်စွက်လမ်းညွှန်ဆွေးနွေးပါသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစီး၍ယနေ့မှစတင်ကာဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပြီးအမျိုးသားကော်မတီလက်အောက်ရှိလုပ်ငန်းကော်မတီ(၁၂)ခုမှအတွင်းရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး      (ကြည်း၊ရေ၊လေ)မှတပ်မတော်အရာရှိကြီးများ၊တာဝန်ရှိသူများစုပေါင်းတာဝန်ထမ်းဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကိုတိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR