ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ()နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧပြီ၊ နေပြည်တော်

နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏အတိုးနှုန်းသက်သာသော IDA ချေးငွေတို့ ရန်ပုံငွေပိုင်း ဆိုင်ရာမျှဝေကျခံပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ()နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ကစ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ International Development Association-IDA ချေးငွေတို့ ပေါင်းစပ်ပြီး အကောင်အထည်ဖော်လျက်ရှိသော Maternal and Child Cash Transfer Program – MCCT အစီအစဉ် ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုပါကြောင်း၊ ပထမအချက်အနေဖြင့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ် ထောက်ပံ့နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေမှ ထုတ်ယူထားပြီးဖြစ်သော ချေးငွေကို ကမ္ဘာ့ဘဏ်နှင့် ချုပ်ဆိုထားသော စာချုပ်နှင့်သဘောတူညီချက် (Legal Agreements) များ၊ မိမိတို့၏ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနဲ့ညီညွတ်စေရန် မည်ကဲ့သို့သုံးစွဲသွားမည်ကို ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဒုတိယအချက် အနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့ဘဏ်ချေးငွေမှ ထုတ်ယူသုံးစွဲရန် လျာထားခဲ့ပြီးဆက်လက် ထုတ်ယူသုံးစွဲရန် ကျန်ရှိနေသည့်ပမာဏကို လျာထားချက်အတိုင်း မည်ကဲ့သို့ဆက်လက်ထုတ်ယူ သုံးစွဲနိုင်မည်ဆိုသည့် ကဏ္ဍကိုဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ချေးငွေထုတ်ယူ သုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် (၂) ကြိမ်နဲ့ လက်ရှိ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေး နှစ်တွင် (၁) ကြိမ် စုစုပေါင်း (၃) ကြိမ် ထုတ်ယူပြီးဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အကောင်အထည် ဖော်နေသော လက်ရှိအစီအစဉ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းဖြစ်ပြီး ရပ်တန့်၍ မရကြောင်း၊ ရပ်တန့်လိုက်ပါက မူလရရှိထားသော အကျိုးကျေးဇူးများပါ အကျိုးမရှိဖြစ်သွားစေနိုင် ကြောင်း၊ အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့်အတွက် လျာထားချက်များအတိုင်း ဆက်လက် ဆောင်ရွက်နိုင်ရေး ကမ္ဘာ့ဘဏ်နှင့်မည်ကဲ့သို့ညှိနှိုင်း ဆောင်ရွက်နိုင်မည်ကို ယနေ့အစည်းအဝေးတွင် အကြံဉာဏ်ရယူဆောင်ရွက်သွားလိုခြင်းဖြစ်ပါကြောင်း၊ အသေးစိတ်အချက် အလက်များအား လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆက်လက်ဆွေးနွေး သွားကြမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


               ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က      မိမိတို့အစီအစဉ်မှာ အာဟာရဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်နေသည့်အတွက်ကြောင့် ရပ်ဆိုင်း၍မရနိုင်ပါကြောင်း၊ လက်ရှိ မိမိတို့ ထုတ်ယူပြီးသော ရန်ပုံငွေအား မည်ကဲ့သို့သုံးစွဲရမည်ကို ဆွေးနွေးစေလိုပါကြောင်း၊ ပြည်သူလူထုကို အဓိက တိုက်ရိုက်အကျိုးသက်ရောက်သည့်အတွက်ကြောင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ သို့ပါ၍ ဝိုင်းဝန်းဆွေးနွေး အကြံပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်()နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် MCCT ပတ်သက်သည့် နောက်ခံအချက် အလက်များ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်အစီအစဉ်များ၊  ရပ်ရွာလူမှုကာကွယ် စောင့်ရှောက်ရေး လူမှုဝန်ထမ်းသမားများမွေးထုတ်ခြင်းအစီအစဉ်များ၊ ရပ်ရွာလူမှုကာကွယ်စောင့်ရှောက် ရေးကော်မတီများ၊ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်တည်ဆောက်ခြင်းအစီအစဉ်များအား ရှင်းလင်းတင်ပြကာ စီမံကိန်းတွင် Component ()ခု ပါဝင်ပါကြောင်း၊ (၈၇) ရာခိုင်နှုန်းမှာ အကျိုးခံစားခွင့်ရှိသူများကို ငွေကြေးပံ့ပိုးပေးမှာဖြစ်၍ တိုက်ရိုက်အကျိုးဖြစ်စေမည်ဖြစ်ပါကြောင်း၊ ကျန်ရာခိုင်နှုန်းများမှာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအတွက်ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

               ဌာနဆိုင်ရာများမှ တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများက ကမ္ဘာ့ဘဏ်ချေးငွေ နှင့်ပတ်သက်ပြီး ၎င်းတို့ဌာနများမှ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အပိုင်းက ထည့်ဝင်မှုအတွက် အထွေထွေပိုလျှံရန်ပုံငွေက တောင်းခံရန် စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

                                        ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းလွှမ်းခြုံမှုမြင့်မားစေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ

                              ပြည်ထောင်စုဝန်ကြီးက ကလေးများ၏ ရှေးဉီးဘဝအရွယ်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသောကြောင့် အရည်အသွေးပြည့်ဝသော ပြုစုပျိုးထောင်ရေးရရှိစေရန် ရှေးဉီးအရွယ်ကလေးသူငယ်များ ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများချမှတ်၍ နှစ်စဉ်လုပ်ငန်း စီမံချက်များဖြင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊  သို့သော် အဆိုပါလုပ်ငန်းရပ်များသည် COVID-19 ကူးစက်မြန်ရောဂါကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရပါကြောင်း၊ ငါးနှစ်အောက်ကလေးဖွံ့ဖြိုးမှုသည် အလျင်အမြန်နှင့် အချိန်တိုင်းတိုးတက်မှုဖြစ်စဉ်ရှိနေပါသဖြင့် စနစ်တကျပြုစုစောင့်ရှောက်မှုနှင့် အခြေအနေ ပေါ်မူတည်၍ ပံ့ပိုးပေးနိုင်ရန် စဉ်းစားဖြေရှင်းလုပ်ဆောင်ဖို့လိုပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း လွှမ်းခြုံမှုမြင့်မားရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်း အဝေးကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

                                        ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူမှုရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် မူလတန်းကြိုကျောင်းများကို ဉီးစီးဌာနအနေဖြင့်ဖွင့်လှစ်ခြင်းနဲ့ ပြည်တွင်း/ ပြည်ပနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူလူထုမှဖွင့်လှစ်ထားသော မူလတန်းကြို ကျောင်းများ၊ နေ့ကလေးထိန်းကျောင်းများကို အသိအမှတ်ပြုပေးခြင်း၊ ကြီးကြပ်ခြင်း၊ ထောက်ပံ့မှုပေးခြင်း များလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် မူလတန်းကြိုအရွယ်ကလေးများအားလုံး မူကြိုပညာရေးရရှိရန်မှာ လိုအပ်ချက်တစ်ခု အနေဖြင့်ရှိနေသေးပါကြောင်း၊ COVID-19 အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါကြောင့်လည်း ယခင်ကရှိပြီးသား မူလတန်းကြိုပညာရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် ထိခိုက်စေခဲ့ပါကြောင်း၊ အဆိုပါကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ် နိုင်ရန်နှင့် ECCD Coverage တိုးမြှင့်နိုင်ရေးအတွက် ပိုမိုအားထုတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

                                        ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပုဂ္ဂလိက/ ကိုယ့်အားကိုယ်ကိုး နေ့ကလေး ထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများ၊ အထူးပညာရေးကျောင်းများအား COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်အားလည်းကောင်း၊ ECCD ဆိုင်ရာ ဘာသာရပ်တာဝန်ခံများမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းလွှမ်းခြုံမှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲစီမံချက်အားလည်းကောင်း အသီးသီးတင်ပြကြပါ သည်။ ဆက်လက်၍ မူလတန်းကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် မူလတန်းကြိုကျောင်းများတွင် Social Distancing နှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာ ပေးရေး Video Clip အားပြသခဲ့ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

              

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနများသို့ ကြည့်ရှုစစ်ဆေး
(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR