ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ပေး Online သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ၁၇-၅-၂၀၂၂ ရက်နေ့၊ ၁၃း၀၀ နာရီ အချိန်တွင် Video Conferencing System ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်တို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ် အုပ်စုဝင်များဖြစ် သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် အတိဒုက္ခ ခံစားနေရ သူများအား ကယ်ဆယ်ထောက်ပံ့ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများအား လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေးအတွက် ကူညီထောက်ပံ့ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် လူ့အဖွဲ့အစည်းအတွင်း လူမှုရေးရာပဋိပက္ခ၊ ပြဿနာများကြောင့် ထိခိုက်ခံစားနေရာသူများအား  စိတ်လူမှုပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပေးခြင်း၊ သက်ဆိုင်ရာဌာန များသို့ ညွှန်းပို့ချိတ်ဆက်ပေးခြင်း စသည့်လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ Case Manager များမွေးထုတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊  အဆိုပါလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်သည့် ဝန်ထမ်းများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အရေးအပါဆုံးအခြေခံ အချက်များဖြစ်သည့် အခွင့်အရေး၊ ကျင့်ဝတ်နှင့် တာဝန်များကို ကောင်းမွန်စွာ ဆက်စပ်ယှဉ်တွဲ နားလည်သဘောပေါက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက် နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပြဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုလက်မှတ်ရေးထိုးသဘောတူထားပြီး လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်များကို လိုက်နာအကောင်အထည်ဖော်ရန် တာဝန်ရှိသည်နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးထားသည့် ကွန်းဗင်းရှင်းများအနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC)၊ နောက်ဆက်တွဲ စာချုပ်များဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေး သူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်(OPAC)၊ ကလေးသူငယ် များအားရောင်းချခြင်း၊ ပြည့်တန်ဆာ ပြုလုပ်ခြင်းနှင့်ညစ်ညမ်းရုပ်ပုံများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်(OPSC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(UNCRPD) များတွင် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် ဆွေးနွေးပို့ချသွားမည့် အကြောင်းအရာများ၊ အသိပညာ၊ ဗဟုသုတများသည် ဝန်ကြီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်မှု လက်တွေ့နယ်ပယ်၌ အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လေ့လာမှတ်သား အသုံးချပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်း ပြောကြားခဲ့ပါ သည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အမှာစကား ပြောကြားရာ၌ လူ့အခွင့်အရေး အသိပညာဗဟုသုတ တိုးပွားရေး ဆောင်ရွက်ရာတွင် နိုင်ငံတော် ယန္တရားအဆင့်ဆင့်၌ အဓိကကျသည့် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/ အမှုထမ်းများ အနေဖြင့် လူ့အခွင့်အရေးကို သေချာဃန သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေး နယ်ပယ်မှ အရေးကြီးသည့် အုပ်စုလိုက်အခွင့်အရေးများကို နိုင်ငံတော် အဆင့်တွင် အဓိက တာဝန် ယူဆောင်ရွက်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေး ဝန်ကြီးဌာနကို ဦးစားပေး၍ သင်တန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းသည် ကရုဏာတရားရှိသော လူအဖွဲ့အစည်း ဖြစ်သည်ကို ထင်ရှားစေသည့် ပြယုဂ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့မျက်မှောက်ရေးရာများတွင် လူ့အခွင့်အရေး၏ အခန်းကဏ္ဍကို သိရှိပြီး နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့်များ၌   ဖြစ်ပေါ်တိုးတက် မှုများကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်၍ လေ့လာမှုများပြုလုပ်သွားရန် တိုက်တွန်းလို ပါကြောင်းတို့ ပြောကြားခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး Online သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အရာထမ်း စုစုပေါင်း (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃) ရက်ကြာ မြင့်မည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များ အနက် လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့််အရေးကြေညာစာတမ်း၊ အုပ်စုလိုက် အခွင့်အရေးများ၊ အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုနှင့် မြန်မာနိုင်ငံမှ အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသော စာချုပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့် ဘာသာရပ် (၆) ခုအား ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အခြား ဝန်ကြီးဌာန များသို့လည်း အလားတူ လူ့အခွင့်အရေး အသိပညာပေး သင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် ရှိကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR