ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၉၆)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား()စီး၊ Mobile Solar စနစ် ()စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၇၆၀၀) ဖြင့်ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၆၀၂၃၁၉)ဂါလံဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၉ % ရှိခြင်း၊

 

လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်မှုအနေဖြင့် (--၂၀၂၃)ရက်နေ့မှစ၍ ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ခဲ့ပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် (၈၆)%၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များတွင် (၁၀၀)% အသုံးပြုလျက်ရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၅၅ % နှင့် ပညာရေးအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၅ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများပြင်ဆင်မှုအနေဖြင့် ၄၂ % ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် ရေငန်ဝင်ရောက်ခဲ့သည့်မြေသားရေကန် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ပြီး (၁၉၉)ကန်၊ ဆောင်ရွက်ဆဲ (၁၈)ကန်နှင့် ဆောင်ရွက်ရန်ကျန် (၅)ကန် ပြုပြင်ပြီးစီးခြင်း၊

 

ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် မြောက်ဦးမြို့၊ ကုလားပုန်းကျွန်းတာ၊ မြေပုံမြို့၊ ငမန်းရဲကျွန်းတာ အပိုင်း()နှင့် အပိုင်း()၊ မောင်တောမြို့၊ ခြံပြင်တာ တို့တွင် (၁၀၀)% ပြင်ဆင်ပြီးစီးခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည်ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊ တံတား ပြင်ဆင်မှုအနေဖြင့် လမ်း (၆၃.၂၈)% ၊ တံတား (၆၂.)% နှင့်  အဆောက်အဦ (၃၁.၁၂)% ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ ()ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၁၆၉၇၂)ဦး နှင့် အတွင်းလူနာ (၁၁၀၀)ဦး ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၈၆၄)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၉၁၆၁)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၇၈၂၆၈) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၈၆၄)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၉၁၃၈)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၂၂၆၂)ဦး ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၂၅)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၁၄၈၈)လုံး၊ သွပ် (၃၂၂၇၀၅)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၂၅.၁၅)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၁၅)ဖာ၊ ဆန် (၆၂၄၁၉)အိတ်၊ ချင်းပြည်နယ်တွင် ဆန် (၈၀၀)အိတ်နှင့် သစ်ခွဲသား (၁၇၅၆.၅)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၄၆၄.၀၁၉)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၁၇၄)တန် ပြင်ဆင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၈ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -

နေအိမ်ပျက်စီး  -  ၇၁၃၃၅ လုံး

 

စာသင်ကျောင်း  -  ၆၂၇ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၅၄၀ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၅၀၉ ခု

 

တာဝါတိုင်    -  ၂၈ တိုင်

 

ဓာတ်တိုင်   ၇၂၄၇ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၁၇၇၉၂၃ ကောင်

 

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းတို့မှ အထူးကုဆေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (၁၄)ဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ 

 

အထူးကုဆေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ လိုအပ်ပါက ထပ်မံစေလွှတ်နိုင်ရေး အဆင်သင့် ဖွဲ့စည်းထားရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တုံ့ပြန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း

MOS

DSW

DDM

DOR