ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထူးချွန်ဂုဏ်ပြု ထိုက်သူဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား နှစ်သစ်ကူးတွေ့ဆုံနှုတ်ခွန်းဆက် ခြင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ရွေးချယ်လေ့ကျင့်စေလွှတ်လာသော သစ်လွင်အရာထမ်းများ၊ အသစ်ခန့်အပ်လိုက်သည့် ဝန်ထမ်းများအား  တွေ့ဆုံမှာကြားခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ အရာထမ်း၊ အမှုထမ်းများ၊ ထူးချွန်ဂုဏ်ပြုခံရသည့် အရာထမ်း၊ အမှုထမ်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ရွေးချယ်လေ့ကျင့်စေလွှတ်လာသော သစ်လွင်အရာထမ်းများနှင့် အသစ်ခန့်အပ်လိုက်သည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများ၊ သင်တန်းကျောင်း၊ ဌာနငယ်၊ စခန်း၊ ဂေဟာများမှ အရာထမ်း၊ အမှုထမ်းများက Virtual စနစ်ဖြင့်ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နှစ်သစ်ကူးကာလတွင် ရက်ရှည်ရုံးပိတ်ရက်များ ကျော်လွန်ပြီး ယနေ့တွင် ဝန်ကြီးဌာနမှ ထူးချွန်ဂုဏ်ပြု ထိုက်သူ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြင့် ဝန်ထမ်းများ စိတ်အားတက်ကြွစွာဖြင့် တာဝန်များ ဆထက်ထမ်းပိုး အောင်မြင်တိုးတက်ထမ်းဆောင်နိုင်ရေးနှင့် အားကျအတုယူစိတ်များ ဖြစ်ပေါ်ကာ မိမိတို့၏ တာဝန်ဝတ္တရားများကို ဂုဏ်ယူစွာဖြင့် မပင်မပန်းထမ်းဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ ထူးချွန်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းအစီအစဉ်ကို စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်တွင် မိမိတို့၏ ရပ်ရွာဇာတိများသို့ ပြန်ခွင့်ရခဲ့ကြပြီး မိသားစုရေး၊ လူမှုရေးကိစ္စများဆောင်ရွက်နိုင်ခဲ့ကြသည့်အတွက် စိတ်သစ်လူသစ်ဖြင့် ရွှင်လန်းတက်ကြွနေမည်ဟု ယုံကြည်ပါကြောင်း၊ တာဝန်များအဆင့်ဆင့်ထမ်းရွက်ရာတွင် လုပ်ဆောင်ရသည့်ရည်ရွယ်ချက်ကို တိကျ ရှင်းလင်းစွာသိရှိမှသာ မလိုအပ်သည့်လွဲမှားမှုများမရှိဘဲ လုပ်ငန်းများ ထိရောက်အောင်မြင် နိုင်မည်ဖြစ်သည့်အတွက် လုပ်ဆောင်မှုအဆင့်တိုင်းတွင် ပါဝင်ပတ်သက်သူအားလုံး၏ စိတ်ပါဝင်စား စွာဖြင့်အလေးထားလုပ်ဆောင်မှုသည် အထူးအရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏တာဝန်အရ လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်၌ တွေ့ကြုံလာနိုင်သော အဖျက်အမှောက်များကို လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆင်ခြင်ကာ ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်လွင်ဝန်ထမ်းများအနေဖြင့် အတတ်ပညာ၊ အတွေ့အကြုံ၊ ရည်မှန်းချက်၊ ကျင့်ဝတ်များ ထားရှိရန် လိုအပ်ပြီး လူငယ်များဖြစ်သည့်အားလျော်စွာ ကမ္ဘာ့အရေးနှင့် မိမိတို့နိုင်ငံ၏ အရေးကိစ္စများကို နှံ့စပ်ကျယ်ပြန့်စွာသိရှိနိုင်ရေး လေ့လာစေလိုပါကြောင်း၊ ယနေ့အစီအစဉ်တွင် ပါဝင်သော (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်အလံကို ချီတက်အလေးပြုရာတွင် ပါဝင် ခဲ့သော ဝန်ကြီးဌာနကိုယ်စားပြု အဖွဲ့နှင့် ယခုနှစ်မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်တွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ခဲ့သော ယိမ်းအဖွဲ့အား ချီးကျူး ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဝန်ကြီးဌာနမှ ထူးချွန်ဂုဏ်ပြု ထိုက်သူဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ရသည် မှာ များစွာကြည်နူးဝမ်းမြောက်ဖွယ် ကိစ္စဖြစ်ပါကြောင်းအမှာစကားများ ဆက်လက်ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၇)နှစ်မြောက်တပ်မတော်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၂၂)ဖြင့် စီမံထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်ခံခဲ့ရသော အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်နှင့် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်သော အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အရာထမ်း လောင်းအခြေခံသင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ အရာထမ်းငယ်အခြေခံသင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း၊ စာရေးဝန်ထမ်း အခြေခံသင်တန်း အသီးသီးတို့တွင် သင်တန်းသားစံပြထူးချွန်ဆု၊ သင်တန်းသူပထမဆု စာပေထူးချွန်ဆု၊ စာပေဂုဏ်ထူးဆု၊ စစ်ရေးပြထူးချွန်ဆု၊ သေနတ်ပစ် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကြသူ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများ၊ အမှုထမ်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက်ပြည်ထောင်စု နေ့အခမ်းအနားတွင် နိုင်ငံတော်အလံကို ချီတက်အလေးပြုရာတွင် ပါဝင်ခဲ့သော ဝန်ကြီးဌာန ကိုယ်စားပြုအဖွဲ့ကိုယ်စား တာဝန်ရှိသူကိုယ်စားလှယ်များထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ လတ်တလောကျင်းပပြီးစီးခဲ့သော မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်၌ ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ခဲ့သော ယိမ်းအဖွဲ့ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ချီးမြှင့်ငွေများကို ကိုယ်စားလှယ်များထံ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR