ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုရရှိရန်နှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဋ္ဌမအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို(၃၀-၁-၂၀၂၆)ရက်နေ့မွန်းလွဲပိုင်းတွင် ရုံးပရဝုဏ်၌ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်/ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်း၊ အမှုထမ်းများပါဝင်တက်ရောက်၍အားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။

ဆဋ္ဌမအကြိမ် ဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ဝန်ကြီးရုံးမှ (၁)ဖွဲ့၊လူမှုဝန်ထမ်းဦးစီးဌာနမှ (၂)ဖွဲ့၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၂)ဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ (၁)ဖွဲ့စုစုပေါင်း အဖွဲ့ (၆)ဖွဲ့တို့မှ ဝင်ရောက်ယှဉ်ပြိုင်မှုအား ဝန်ထမ်းမိသားစုများက တစ်ခဲနက်အားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် သက်ဆိုင်ရာအမှတ်ပေးအဖွဲ့များက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဆုရွေးချယ် ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက ပထမဆုရရှိသည့်အဖွဲ့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဒုတိယဆုရရှိသည့်အဖွဲ့အားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသည့်အဖွဲ့အားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက နှစ်သိမ့်ဆုရရှိသည့်အဖွဲ့များအားလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြပြီးအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR