ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ရပ်ရွာအတွင်းရှိကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသောဖြစ်ရပ်များ၊ သဘာဝဘေးကြောင့်ဖြစ်စေ၊ ပဋိပက္ခကြောင့်ဖြစ်စေထိခိုက်ခံစားရသောကလေးသူငယ်များ၊ ကလေးအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ မတရားခိုင်းစေခြင်းများမှ အကာအကွယ်ပေးခြင်းကိုလည်းလိုအပ်သောဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိပြီး ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များအားထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်တည်ထောင်ထားပြီးထိခိုက်ခံစားရသူတို့၏ လူမှုရေးဆိုင်ရာပြဿနာများဖြေရှင်းရာတွင် စနစ်တကျလေ့ကျင့်ပေးထားသောလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများကိုအရည်အသွေးမြင့်မားစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်၍လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများ၏အကူအညီဖြင့် ရပ်ရွာအတွင်းရှိအရင်းအမြစ်များနှင့်ဝန်ဆောင်မှုများကိုအသုံးပြု၍ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီလက်အောက်ရှိအသိပညာပေးရေးစွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ပြီး၊အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးသူငယ်များအားကာကွယ်စောင့်ရှောက်ရန်စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်းသက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ အသိပညာပေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီ (၁/၂၀၂၂) အစည်းအဝေး၏ ဆုံးဖြတ်ချက်အမှတ်(၅)အရလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ကလေးလုပ်သားပြဿနာများပါ ပိုမိုအကျုံးဝင် ချိတ်ဆက်ဆောင်ရွက်ရန် ဆုံးဖြတ်ထားခြင်းကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်၍ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပြုပေးရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊တက်ရောက် လာသူများအနေနဲ့လည်းတိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများ၊ ကြီးကြပ်သူများပါဝင်တက်ရောက်သဖြင့်ဌာနအချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းအပြင်ဝန်ဆောင်မှုပေးခြင်းများအားအသိပညာဖလှယ်ခွင့်ရရှိနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါကလေးအလုပ်သမားဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်(၂)တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ နေပြည်တော်ကောင်စီအပါအဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိလူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (၁၅)ဦး၊ ဦးစီးဌာန(ရုံးချုပ်)မှ Help Line တာဝန်ကျဝန်ထမ်း(၂၀)ဦးနှင့် စုစုပေါင်းသင်တန်း(၄၀)ဦးဖြင့် (၉.၃.၂၀၂၃)ရက်နေ့မှ (၁၀.၃.၂၀၂၃)ရက်နေ့ အထိ(၂)ရက်တာဖွင့်လှစ်ပေးခြင်းဖြင့်အလုပ်လုပ်ကိုင်နေသောကလေးသူငယ်များ၏ ပြဿနာများကြုံတွေ့လာရပါကသင်တန်းမှရရှိသောအသိပညာများဖြင့်လူမှုရေးပြဿနာများအားလူမှုဝန်ထမ်းနည်းလမ်းအသုံးပြု၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ခြင်း၊ ညွှန်းပို့ခြင်းဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းသိရှိရပါသည်။




ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အားကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒုတိယညှိနှိုင်းရေးမှူးဖြစ်သူမြန်မာနိုင်ငံဆိုင်ရာ UNOCHA ရုံးအကြီးအကဲ Mr. David Cardenဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် Mr. David Carden က မြန်မာနိုင်ငံရှိကုလသမဂ္ဂနှင့်အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာရရှိရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အဖွဲ့အစည်းမှတ်ပုံတင်ရေးကိစ္စရပ်များ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြားနားလည်မှုစာလွှာအရပူးပေါင်းဆောင်ရွက်မှုအခြေအနေများဆွေးနွေးတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်နိုင်ရန်သက်ဆိုင်ရာဝန်ကြီးဌာနများမှထောက်ခံချက်ပေးရန်လိုအပ်သဖြင့် ဦးစွာပူးပေါင်းဆောင်ရွက်မည့်နားလည်မှုစာချွန်လွှာကိုလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ညှိနှိုင်းပြီးပါကအသင်းအဖွဲ့မှတ်ပုံတင်ရန်ဝန်ကြီးဌာနကထောက်ခံနိုင်မည့်ကိစ္စများ၊နားလည်မှုစာချွန်လွှာရှိပြီးပါကဝန်ကြီးဌာနက ပြည်ဝင်ဗီဇာနှင့်ခရီးသွားလာခွင့်၊ထောက်ခံချက်ပေးရန်ကိစ္စများ၊ နေရပ်စွန်ခွာသူများပြန်လည်လက်ခံရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ၈-၃-၂၀၂၃ နှင့် ၉-၃-၂၀၂၃ နေ့တို့တွင် ရန်ကုန်မြို့ရှိသံတမန်များအားဖိတ်ကြား၍ပြန်လည်လက်ခံရေးဆောင်ရွက်ထားမှုများကိုသွားရောက်လေ့လာနေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ (AHA Centre) ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပေးအပ်နေသည့်အကူအညီများနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ UNOCHA မှ ထုတ်ပြန်သည့် Humanitarian Response Plan 2023 နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးစိုးကြည်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR