ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးသို့ ရောက်ရှိရာ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဦးစီးမှူးရုံး သိုလှောင်ရုံအား ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁၀၀၀)စာ သိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သိုလှောင်ရုံထိန်းသိမ်းရေးလက်စွဲအတိုင်း စနစ်တကျစာရင်းထားရှိဆောင်ရွက်ရန်နှင့် Inventory Management Software အား လက်တွေ့ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးဝင်းအတွင်းရှိ ခြောက်ခန်းတွဲသုံးထပ်ဝန်ထမ်းအိမ်ရာနှင့် ပြည်နယ်ဦးစီးမှူးရုံးတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဘေးဖြစ်ပွားထောက်ပံ့မှု အခြေအနေများ၊ ခရိုင်၊ မြို့နယ်ရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ဝန်ထမ်းအင်အားလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ဌာနတွင်းဘာသာရပ်ဆိုင်ရာသင်တန်းများ၊ ရုံးလုပ်ငန်းကျွမ်းကျင်တတ်မြောက်စေရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပို့ချပေးလျက်ရှိသောသင်တန်းများအား အင်အားအပြည့်တက်ရောက်သွား ရန်လိုအပ်ပါကြောင်း၊ Quick Win Project များအပါအဝင် ဌာနမှဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှု လုပ်ငန်းများထိရောက်အောင်မြင်စေရေး မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် မိမိတို့၏ လုပ်ဆောင်ချက်များကိုလည်း အများပြည်သူသိရှိနိုင်ရေး အစီရင်ခံရန်လိုအပ်ပါကြောင်း၊ အခက်အခဲများနှင့် အကြံပြုချက်များရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဆောင်ရွက်ရသည့်အတွက် လိုအပ်သောကျွမ်းကျင်မှုများရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုအတွက် အမြဲအဆင်သင့်ဖြစ်စေလိုကြောင်း၊ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးကိစ္စရပ်များအား အလေးထားဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေး၊ ကျန်းမာရေး ဂရုစိုက်နေထိုင်ကြရန်စသည်ဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ရုံးနှင့် မြေနေရာအားကြည့်ရှု၍ ရုံး၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး လက်အောက်ရှိ မူလတန်းကြိုကျောင်း အမှတ် (၁)ဘားအံသို့ သွားရောက်ခဲ့ပြီး မူကြိုအရွယ်ကလေးငယ်များအား ဘက်စုံဖွံ့ဖြိုးမှုရရှိရေးအတွက် ပြုစုပျိုးထောင်ပေးနေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့နောက် အဆိုပါမူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့)သင်တန်းသို့ တက်ရောက်နေသော ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာမများအား နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ အမှတ် (၉)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း အမှတ် (၂)ဘားအံသို့ ရောက်ရှိပြီး ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဖွံ့ဖြိုးမှုရရှိစေရန် ပြုစုပျိုးထောင်ပေးနေမှု၊ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကရင်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်းရှိဌာန (၃)ခုမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR