ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်ပနိုင်ငံများတွင် ပညာတော်သင်မဟာဘွဲ့ သင်တန်းများအပါအဝင် သင်တန်းများ၊  အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသောအရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို (၂၁.၁၁.၂၀၂၂)ရက်နေ့မှ (၂၃.၁၁.၂၀၂၂) ရက်နေ့အထိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် ၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌ ကိုဗစ်-၁၉ကြောင့် ပြည်ပခရီးစဉ်များရပ်နားနေခဲ့သဖြင့် အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကိုယခုပထမဆုံးပြန်လည်စတင်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာပြန်လည်မျှဝေခြင်းဖြင့် ပြည်ပခရီးသွားရောက်သူကိုယ်တိုင် ဘာသာရပ်ကိုပိုမိုကျေညက်စွာနားလည်လာခြင်း၊ အများပြည်သူရှေ့ စကားပြောခြင်းအလေ့အကျင့်ကောင်းမွန်လာခြင်း၊ ပါဝင်တက်ရောက်သူများအနေဖြင့် အသိပညာ၊ ဗဟုသုတရရှိပြီးမိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ခြင်းအကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးဘဝတစ်သက်တာလေ့လာသင်ယူမှု (Life Long Learning) ပြုရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာတစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်းအမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံဒေသတွင်းရှိအမျိုးသမီးများ ၏ နိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာလေ့လာမှုစာတမ်းရေးသားပြုစုရေးအတွက် နည်းပညာအထောက်အကူပြုအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း(၂)ဦးနှင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် AHA Centre ၏ (၇)ကြိမ်မြောက် ACE Program သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၂)ဦးကဘာသာရပ်ဆိုင်ရာအသိပညာများပြန်လည်ရှင်းလင်းဝေမျှခဲ့ပြီးအမေး/အဖြေအစီအစဉ်များပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ဒုတိယနေ့တွင် JDS အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ ကိုဘေးတက္ကသိုလ်တွင် Master Of International Studies (Disaster Risk Management) သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့သောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၁)ဦးနှင့် ဖိလစ်ပိုင်နိုင်ငံတွင်ဖွင့်လှစ်သောကလေးသူငယ်များအားလိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ ခေါင်းပုံဖြတ်ခံရမှုများစုံစမ်းစစ်ဆေးခြင်းစွမ်းရည်မြှင့်တင်မှုအစီအစဉ်သို့တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း(၁)ဦးတို့ကဘာသာရပ်ဆိုင်ရာအသိပညာများပြန်လည်ရှင်းလင်းဝေမျှခဲ့ပြီးအမေး/အဖြေအစီအစဉ်များပြုလုပ်ခဲ့ကြရာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကလည်းမေးခွန်းများပါဝင်မေးမြန်းခဲ့ကြပြီးမိမိတို့ဌာနအလိုက် ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များဖော်ထုတ်အကြံပြုသွားရန်လမ်းညွှန်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ဦးဆောင်၍ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၊ ဒုတိယအကြီးအမှူးများနှင့် အရာထမ်း၊အမှုထမ်းများနေ့လည်စာအတူတကွ သုံးဆောင်ခြင်းအစီအစဉ်ကိုယနေ့နေ့လယ်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုပေါင်းခန်းမတွင် ဆက်လက် ကျင်းပခဲ့ရာအရာထမ်း၊ အမှုထမ်းများကမိမိတို့ ရရှိထားသောမဲလက်မှတ်များဖြင့် ကျရောက်သည့် စားပွဲဝိုင်းများကိုတစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးစွာဖြင့် တိုက်ဆိုင်ရှာဖွေနေကြမှုများအားကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်၍ နေ့လယ်စာမသုံးဆောင်မီပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ယခုကဲ့သို့စီစဉ်ရခြင်းမှာမိမိအပါအဝင် အရာထမ်းအမှုထမ်းအားလုံးအထက်နှင့်အောက်ဆက်ဆံရေးထက် လုပ်ဖော်ကိုင်ဖက်များအဖြစ် မှတ်ယူကာတစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးမှုများရရှိပြီးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင်နိုင်ရေးတက်ကြွစွာအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများနှင့် ခင်မင်ရင်းနှီးနွေးထွေးစွာနေ့လယ်စာအတူတကွသုံးဆောင်ခဲ့ပြီးအဆိုပါအစီအစဉ်သို့ အရာထမ်း၊အမှုထမ်းစုစုပေါင်း(၂၁၂)ဦးပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR