ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယအဘိဓဇမဟာရဌဂုရုဘဒ္ဒန္တစိန္တာသာရအား ဖူးမျှော်ကြည်ညိုကာ ဩဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောက်ရှိကြရာ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးဦးစီးမှူးရုံး သိုလှောင်ရုံအတွင်းဗဟိုသိုလှောင်ရုံရန်ကုန်မြို့ရှိအိန္ဒိယနိုင်ငံမှလှူဒါန်းထားသောလက်ကျန်ဆန်များအနက်မှ စလင်းမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်ရှိလေဘေးသင့် ပြည်သူများထောက်ပံ့ရန်ဆန်အိတ်များပို့ဆောင်ရောက်ရှိလာမှုအခြေအနေအားရှင်းလင်းတင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ပို့ဆောင်ထောက်ပံ့သွားရန်၊ သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ရန်နှင့် Inventory Management Software စနစ်တကျအသုံးပြုနိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြီးကန်ကျေးရွာအေးစေတီကျောင်းတိုက်အတွင်းဖွင့်လှစ်ထားရှိသောအပူရှောင်စခန်းသို့ရောက်ရှိပြီးစခန်းအတွင်းလာရောက်နားခိုလျက်ရှိသည့် ကျေးရွာအတွင်းမှ ဘိုးဘွားများနှင့်ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီးအပူရှောင်နေရာတွင် လာရောက်နားခိုသူများအတွက် နံနက်စာနှင့်အချိုရည်များဧည့်ခံနိုင်ရေးအတွက်ထောက်ပံ့ကြေးငွေများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးစေတီကျောင်းတိုက်ရှိဆရာတော် ဦးကုမာရအားဖူးမျှော်ကြည်ညိုကာ အပူရှောင်စခန်းများဖွင့်လှစ်ပေးနေမှုအခြေအနေအားရှင်းလင်းလျှောက်ထားကာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကြီးချောင်းရပ်ကွက် ဣစ္ဆာလာဘမုနိဘုရားဝန်းအတွင်းဖွင့်လှစ်ထားရှိသောအပူရှောင်စခန်းသို့ရောက်ရှိပြီးစခန်းအတွင်းလာရောက်နားခိုလျက်ရှိသည့် ကျေးရွာအတွင်းမှ ဘိုးဘွားများနှင့်ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီးအပူရှောင်နေရာတွင် လာရောက်နားခိုသူများအတွက် နံနက်စာနှင့်အချိုရည်များဧည့်ခံနိုင်ရေးအတွက် ထောက်ပံ့ကြေးငွေများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR