ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

         ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ဒီကနေ့မနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

         ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးများကို ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းနည်းဥပဒေရေးဆွဲခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး (Early Childhood Care and Development - ECCD) လုပ်ငန်းများသည် ကျယ်ပြန့်နက်ရှိုင်းပြီး ဝန်ကြီးဌာနများအနေဖြင့် နေ့ကလေးထိန်း ကျောင်းများ၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြုနှင့် အိမ်အခြေပြုလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများမှာ ထည့်သွင်း ဆောင်ရွက်လျက်ရှိသော်လည်း ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် ECCD လွှမ်းခြုံမှုမှာ(၂၄.၃၇%)သာရှိပါသဖြင့် ရာခိုင်နှုန်းအားဖြင့် နည်းပါးနေပါကြောင်း၊ မူကြိုဆရာဖြစ်သင်တန်းများ တိုးချဲ့ဖွင့်လှစ်၍ မူကြိုဆရာမများ၊ ကလေးပြုစုစောင့်ရှောက်သူ များနှင့် နည်းပြများကို ယခုထက်ပိုမို၍ သင်ကြားလေ့ကျင့် မွေးထုတ်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားသွားခဲ့ပါသည်။

         ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ ထောက်ပံ့ရေးလုပ်ငန်းစဉ်များ၊ ECCD ဆိုင်ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းရေးဆွဲထားရှိမှုနှင့် မူကြိုဆရာမ၊ နေ့ကလေးထိန်းဆရာမ အလုပ်အကိုင်များအတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် အစည်းအဝေးသို့ တက်ရောက်လာ သော ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များက ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ် အကြံပြုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုပညာရေးနှင့် စပ်လျဉ်း၍ ဆက်စပ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Mechanism တစ်ခု ထူထောင်ရန် လိုအပ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး နည်းလမ်းများ နှင့်အညီ ကလေးသူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအား အတည်ပြုထုတ်ပြန်ပြီးပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များနှင့်အတူ အစည်းအဝေးများကျင်းပပြုလုပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊  ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်  နည်းပညာအကူအညီနှင့် ထောက်ပံ့မှုများကို ဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ပုဂ္ဂလိကနေ့ကလေးထိန်း၊ မူလတန်းကြိုကျောင်းတို့ကို ဥပဒေနဲ့အညီ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင် လျှောက်ထားနိုင် စေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR