ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၇) ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တက်ရောက် ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သင်တန်းသားများနှင့်တွေ့ဆုံရာတွင် ကျောင်းသားများအနေဖြင့် မည်သည့်အကြောင်းအမျိုးမျိုးကြောင့်ရောက်လာကြသည်ဖြစ်စေ ရည်မှန်းချက်ထားပြီး ထူးချွန်သောကျောင်းသားများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုအား ကြိုးစားသင်ယူကြရန် လိုကြောင်း၊ သို့မှသာ မိမိဘဝရပ်တည်နိုင်ဖို့ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အတိတ်ကအမှားများကဲ့သို့ ထပ်မမှားစေလိုကြောင်း၊ နောင်အနာဂတ်ကောင်းဖို့လိုကြောင်း  တိုက်တွန်းပြောကြားခဲ့ပြီး လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား (၂၇၇) ဦးအတွက် မီးဖိုဆောင်၊ ထမင်းစားဆောင်နှင့် ကျောင်းသားအိပ်ဆောင်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ မှာကြားခဲ့ပါသည်။

       ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ အိမ်တွင်းမှုသင်တန်း ကျောင်းရှိ၊ စက်ချုပ်သင်တန်းကျောင်း၌ သင်တန်းအမျိုးအစား(၆)ခု၌ တက်ရောက်ပညာ သင်ကြားလျက်ရှိသော သင်တန်းသူ (၁၀၈)ဦး၏ လက်တွေ့စက်ချုပ်လုပ်နေမှုနှင့် မုန့်လုပ်ငန်းဆောင်ရွက်ခြင်းအား လိုက်လံကြည့်ရှုခဲ့ပါသည်။

    ယင်းနောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့်စည်းကမ်းများ၊ လေ့လာကြိုးစားအားထုတ်မှုလိုအပ်ချက်များ၊ ထားရှိရမည့် သဘောထားများ၊ ကို ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဘေးထောက်ပံ့မှု အခြေအနေများအား ဗွီဒီယို Clip တင်ပြဩဝါဒခံပြီး သိုလှောင်ရုံရှိ ထောက်ပံ့ရေး ပစ္စည်းများအား လိုက်လံရှင်းလင်းပြသခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

      ဆက်လက်၍  ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန မွန်ပြည်နယ်ရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်း ကျင့်ဝတ်စည်းကမ်းနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အမြဲမပြတ်လေ့လာ ကြိုးစားနေရန်လိုကြောင်း၊ ဝန်ထမ်းများ အသစ်ခန့်ရာတွင်လည်း ဒေသခံများအား ဦးစားပေးခန့်ထားလိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်လာလျှင် ပြည်သူကိုကူညီရန် အသင့်ဖြစ်နေရမည်ဖြစ်ကြောင်းတို့ကိုမှာကြားပြီး မူလတန်းကြို ကျောင်း အမှတ်(၁)၊(၂)၊(၃)နှင့် ကလေးပြုစုရေးဌာနတို့အား သွားရောက်စစ်ဆေးခဲ့ပါသည်။

       (၁၈.၃.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး  ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးမှူးရုံးရှိ သိုလှောင်ရုံအားစစ်ဆေးခြင်း၊ မူလတန်းကြိုကျောင်း အမှတ်(၁)သို့ သွားရောက်၍ ကလေးငယ်များအတွက် ဘက်စုံဖွံ့ဖြိုးမှုကိုအခြေခံသော လေ့ကျင့်သင်ကြား ပေးနေမှုများကို ကြည့်ရှု့စစ်ဆေးခြင်းနှင့် မူလတန်းကြိုကျောင်းအမှတ်(၂)တွင် ကလေးငယ်များ အိပ်စက်အနားယူနေမှုနှင့် ကလေးများအားလေ့ကျင့်ပြုစုပျိုးထောင် ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘားအံမြို့ရှိ တောင်ကလေးစံဖရီးတိုးချဲ့ကွက်သစ်ရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်စစ်ဆေး၍ ရေရရှိရေး၊ စိမ်းလန်းသစ်ပင် စိုက်ပျိုးရေး၊ ဝန်ထမ်းများ၏လုံခြုံရေး၊ ရုံးလုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေး၊ သင်တန်းသားများ လက်ခံရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သော ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

       မွန်းလွဲပိုင်းတွင်  ပြည်နယ်တွင်းရှိ လူမှုဝန်ထမ်းဉီးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉီးစီးဌာန၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာနများ၏ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာန၏ လုပ်ငန်းများသည် လူသားချင်းစာနာထောက်ထားမှုအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် ရပ်ထား၍မရကြောင်း၊   ဝန်ထမ်းများအနေဖြင့် မိမိအရည်အချင်းကို အမြဲအပြတ်မြှင့်တင်နေဖို့ လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR