ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း Pilot Project အဖြစ်ဆောင်ရွက်သည့် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ မသန်စွမ်းသူများအတွက် မသန်စွမ်းမှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို (၁၇.၆.၂၀၂၂)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဥတ္တရသီရိခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ Pilot Project ဖြင့်စိစစ်ပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိမည့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကိုလည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့အတွက် မသန်စွမ်းသူများပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ (၂၃.၃.၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့သည့်  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂)တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း(၄) မြို့နယ်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်တို့တွင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ (၉.၅.၂၀၂၂)ရက်နေ့တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်မှု မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများမှတ်ပုံတင်ခြင်း ဆရာဖြစ်သင်တန်းကိုလည်း (၉.၅.၂၀၂၂)ရက်နေ့မှ (၁၁.၅.၂၀၂၂)ရက်နေ့အထိ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ရာသင်တန်းသား (၁၂၀) ဦးတက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ ဆရာဖြစ်သင်တန်းဆင်းဆရာ၊ ဆရာမများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းကွင်းဆင်း အသိပညာပေးဆောင်ရွက်ရာမှာ မိမိတို့ဆန္ဒအလျောက် မသန်စွမ်းသူ မှတ်ပုံတင်လျှောက်ထားလာကြသည့် ကိုယ်အင်္ဂါမသန်စွမ်းသူ (၃၇)ဦး၊ အမြင်အာရုံမသန် စွမ်းသူ (၁)ဦး၊ အကြားအာရုံမသန်စွမ်းသူ (၄)ဦး၊ ဉာဏ်ရည် မသန်စွမ်းသူ (၁၀)ဦး၊ စုစုပေါင်း မသန်စွမ်းသူ (၅၂) ဦး တို့ကို မသန်စွမ်းမှတ်ပုံတင်လက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးစသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုရရှိစေဖို့အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း သည်မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများအရအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ကနဦးစီမံကိန်း (၄)မြို့နယ်မှ ရရှိလာသည့် အတွေ့အကြုံ၊ သင်ခန်းစာနှင့်လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံးရှိမြို့နယ်အားလုံးတွင် လွှမ်းခြုံနိုင်ရေး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မသန်စွမ်းသူများအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာသင်တန်းကို (၉.၅.၂၀၂၂)ရက်နေ့မှ (၁၁.၅.၂၀၂၂) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းမှတ်ပုံတင် ကြီးကြပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မသန်စွမ်းမှုအသိပညာပေးခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ  မသန်စွမ်းသူများမှ မိမိတို့သဘောဆန္ဒအလျောက် မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ် လျှောက်ထားလာကြသည်ကို တွေ့ရပါကြောင်း၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူးများက မသန်စွမ်းအဆင့်သတ်မှတ်ရေး အသက်အရွယ်အလိုက်မေးခွန်းလွှာများနှင့် တိုက်ဆိုင်စိစစ်ပြီး ထောက်ခံတင်ပြလာတဲ့ မသန်စွမ်းသူများကို ယနေ့မှာ မသန်စွမ်း သူမှတ်ပုံတင်လက်မှတ်ပေးအပ်သွားမှာဖြစ်ကြောင်းသိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မသန်စွမ်းသူအရေအတွက်နှင့် မသန်စွမ်းမှုဆိုင်ရာ စာရင်းဇယားအချက်အလက်များရရှိရေး၊ တိကျမှန်ကန်မှုရှိရေးဟာအရေးကြီးပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအခြေအနေအလိုက် လိုအပ်သောပံ့ပိုးမှုများကိုသိရှိ၊ ပံ့ပိုးပေးလာနိုင်မှာဖြစ်သလို၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် မသန်စွမ်းသူများအပေါ်ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မိမိတို့ဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လျှောက်ထားလာကြသည့် ကိုယ်အင်္ဂါမသန်စွမ်းသူ(၃၇)ဦး၊ အမြင်အာရုံမသန်စွမ်းသူ(၁)ဦး၊ အကြားအာရုံမသန်စွမ်းသူ(၄)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ(၁၀)ဦး၊ စုစုပေါင်းမသန်စွမ်းသူ(၅၂)ဦးတို့အား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၆.၆.၂၀၂၂)ရက်နေ့မှ (၁၇.၆.၂၀၂၂)ရက်နေ့ထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲ့မှု အခြေခံသင်တန်းနှင့် ဝန်ထမ်းများလုပ်ငန်းခွင်(ရုံးလုပ်ငန်းနှင့်ဘဏ္ဍာရေးစီမံခန့်ခွဲမှု)သင်တန်းဆင်းပွဲသို့ Online ဖြင့် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR