ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)ဖြင့်အကောင်အထည်ဖော်ခဲ့သည့်ပင်းတယမြို့နယ်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သိုလှောင်ရုံနှင့်အသိပညာပေးစင်တာဖွင့်ပွဲအခမ်းအနားကို(၂၈-၁၁-၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ပင်းတယမြို့ရှိအဆိုပါနေရာ၌ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဌ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ပထမဦးစွာသိုလှောင်ရုံနှင့်အသိပညာပေးစင်တာကိုပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ဒုတိယဝန်ကြီး၊မြန်မာနို်ငငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ဦးအာကာလင်းတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ဆက်လက်၍ပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊တရုတ်နိုင်ငံသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်၊မဲခေါင်-လန်ချန်းပူပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းဇေယျာထွန်းတို့မှမြို့နယ်သိုလှောင်ရုံနှင့်အသိပညာပေးစင်တာရုံးဆိုင်းဘုတ်အားစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ဆက်လက်၍ဧည့်သည်တော်များနှင့်ဌာနဆိုင်ရာအရာရှိကြီးများမှ ကမ္ဗည်းမှတ်တမ်း(ကြေးပြား)အား အမွှေးနံ့သာရည်များပက်ဖြန်းပြီးမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ဆက်လက်၍ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ဒေါက်တာကျော်ထွန်း၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်၊မဲခေါင်-လန်ချန်း ပူပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းဇေယျာထွန်းတို့မှအမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်တို့မှ အမှတ်တရလက်ဆောင်များအပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။ ထို့နောက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ဦးအာကာလင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်းတို့သည်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအာကာလင်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက်လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားသောပင်းတယမြို့၊ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့်တာဝန်ခံကျောင်းအုပ်တို့ကကလေး(၁၀၀)ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေးငယ်များ၏ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီးကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ပြီးမူလတန်းကြိုကျောင်းအုပ်နှင့်ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR