လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Gender/CEDAW/NSPAW/AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ၊ဝန်ကြီးဌာနများမှ Gender Focal Point သင်တန်းသား(၁၀)ဦး၊ သင်တန်းသူ(၁၆)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံလူဦးရေထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုရှိရန်လိုအပ်ပါကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်း၊စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့်အခွင့်အလမ်းများတန်းတူခံစားရရှိစေခြင်းများသည် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များသို့အရောက်လှမ်းနိုင်ရန် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါကြောင်း၊ယခုသင်တန်းကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆောင်ရွက်နေသည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်အညီ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသော Gender/CEDAW/NSPAW/ AGMSF/ WPSလုပ်ငန်းစဉ်များကိုပိုမိုသိရှိစေရန်၊ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များတွင် ကျား၊ မရေးရာထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) ဆောင်ရွက်လာနိုင်စေရန်၊ ဝန်ကြီးဌာန၊အဖွဲ့အစည်းများအကြား ချိတ်ဆက်ပူးပေါင်းမှုပိုမိုအားကောင်းလာခြင်းဖြင့်အမျိုးသမီးများ၏အခွင့်အရေးများကို ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း - NSPAW(၂၀၂၃-၂၀၃၂)ကိုဦးဆောင်ကော်မတီနှင့်သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ကျား၊ မ ရေးရာဆိုင်ရာ အချက်အလက်များ ကောက်ယူရန်ကျား၊ မရေးရာတာဝန်ခံ- Gender Focal Point များ ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ယခုသင်တန်းတက်ရောက်နေကြသော Gender Focal Point များအနေဖြင့် အဆင့်မြင့်အရာထမ်းများ ဖြစ်သလို သက်ဆိုင်ရာဝန်ကြီးဌာန၏ ဝန်ကြီးရုံးတွင်တာဝန်ယူဆောင်ရွက်နေကြသူများ ဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက် ကျား၊ မ ရေးရာဆိုင်ရာအချက်အလက်များ ကောက်ယူရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းမှရရှိသည့် ဗဟုသုတများဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာများနှင့် ချိတ်ဆက်ပြီး အလေးထားကူညီဆောင်ရွက်ပေးကြရန်နှင့် ဝန်ကြီးဌာနများ၏ လက်တွေ့ကျသည့်ကျား၊ မရေးရာထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) နည်းလမ်းများအပါအဝင် စိန်ခေါ်မှုနှင့် အလေ့အကျင့်ကောင်းများရှိပါက မျှဝေဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၁၀:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းကို(၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။








