ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ပဲခူးတို်ငးဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သော ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိ သူများနှင့် အတူ (၂၅-၄-၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရေး လုပ်ငန်း၊ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး/ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည့် လုပ်ငန်းဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ အရှိန်အဟုန်အပြတ်ထိရောက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့်အချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော တာဝန်ရှိသူများက ပဲခူးတို်ငးဒေသကြီး အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၃၀,၃၅၀)ဦးအတွက် တစ်ဦးလျှင် နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၃၀,၀၀၀/-)နှုန်းဖြင့် ကျပ်ငွေ(၉၁၀,၅၀၀,၀၀၀)ကိုလည်းကောင်း၊ ပဲခူးတို်ငးဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ထားရှိသော ပရဟိတ ဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့ငွေကျပ်(၈၆,၀၇၉,၀၀၀)ကိုလည်းကောင်း စသည့်စုစုပေါင်း ထောက်ပံ့ငွေကျပ်(၉၉၆,၅၇၉,၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ရာ အကျိုးခံစားခွင့်ရှိသူများ ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်သောတာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတို်ငးဒေသကြီးဦးစီးမှူးရုံး(သိုလှောင်ရုံ) သို့ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ အိမ်ထောင်စု(၁၀၀၀)စာသိုလှောင်ထားရှိမှုအခြေအနေများ၊ အလှူ ပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများဖြစ်သည့် မိုးကာစ၊ သွပ်၊ မိုးကာတဲ၊ တာပေါ်လင်၊ ရေစည်စသည့် ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများနှင့် ဖြန့်ခွဲထားရှိမှုအခြေအနေများကိုတို်ငးဒေသကြီး ဦးစီးမှူးကရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သိုလှောင်ရုံ ကြံ့ခိုင်ကောင်းမွန်ရေး၊ ပစ္စည်းများလေလွင့်မှုမရှိစေရေး၊ သိုလှောင်ရုံလက်စွဲအတို်ငး စနစ်တကျထိန်းသိမ်းထားရှိရေးနှင့် အသင့်ဖြန့်ခွဲထောက်ပံ့နိုင်ရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်များအား လမ်းညွှန်မှာကြားခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူး တို်ငးဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော ပဲခူးခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးများက တို်ငးဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၊ အားသာချက်/အားနည်းချက်များ၊ အခက် အခဲများနှင့် ပေါင်းစပ်ဖြည့်ဆည်ဆောင်ရွက်ပေးစေလိုသည့်အချက်များအား ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ် ဖြည့်ဆည်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR