ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌      ကျင်းပပြုလုပ်ခဲ့ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံတွင် လတ်တလောဖြစ်စဉ်များကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များကြောင့် ဘေးသင့်ပြည်သူများကို လူသားချင်းစာနာမှု ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  လတ်တလော လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးရုံသာမက လိုအပ်ချက်အရ ပြန်လည်ထူထောင် ပေးရမည့် နေရာများတွင်လည်း ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက် သွားရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်များကို ဆွေးနွေးခဲ့ပါ သည်။

          ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေး‌နွေးတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂)၏ အသိပညာပေးအစီအစဉ်သို့ တက်ရောက်အမှာစကားပြောကြား
ဒုတိယဝန်ကြီး ဦးစိုးကြည် (၉) ကြိမ်မြောက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ‌ဝေးများ၏ ဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR