ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System- “ SMIS Database Training လက်တွေ့အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်(၁၀)နာရီ တွင်  နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့်  အဓိကလုပ်ငန်းစဉ်များမှ အကျိုးခံစားခွင့်ရှိသူများအား Digital Platformဖြင့် စာရင်းထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်(ကြည်း၊ရေ၊လေ)၊ သတင်းနည်းပညာဌာနမှ နည်းပညာ အပြည့်အဝ အကူအညီပေးမှုဖြင့် SMIS Software ကိုရေးဆွဲခဲ့ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)၊ လူမှုရေးပင်စင် အစီအစဉ်(Social Pension)နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု (Case Management) အစီအစဉ် (၃)ရပ်ကို (၁၀၀%)အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပြီး မသန်စွမ်းမှုဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Disability Management Information System-DMIS) ရေးဆွဲဆောင်ရွက်မှု အနေဖြင့်(၆၆%) အထိရေးဆွဲပြီးစီးပြီးဖြစ်ပါကြောင်း၊  စနစ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်သွားရမည့် တာဝန်များနှင့်လိုက်နာရမည့် စည်းကမ်းချက်များကို ဖော်ပြထားသည့် စံလုပ်ငန်းစဉ်စာအုပ်(SOP)နှင့် အကျိုးခံစားခွင့်ရှိသူများစာရင်းကောက်ယူပြီး SMIS Software တွင် ထည့်သွင်းအသုံးပြုနိုင်ရန် SMIS အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်( SMIS - User Guide Book) များကို ထုတ်ဝေခဲ့ပြီးဖြစ်သောကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းလက်စွဲ အဖြစ် အသုံးပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ငွေကြေးထောက်ပံ့မှု အစီအစဉ် အတွက် SMIS Software ကို အသုံးပြုခြင်းအားဖြင့် သတင်းအရင်းအမြစ်များကို လျှင်မြန်စွာ မျှဝေသုံးစွဲနိုင်ပြီး ကုန်ကျစရိတ်များသက်သာခြင်း၊ အကျိုးခံစားခွင့်ရှိသူများ၏ ပြီးပြည့်စုံသော အချက်အလက်များကိုရယူနိုင်ခြင်း၊ ပိုမိုထိရောက်အောင်မြင်သော ဝန်ဆောင်မှုပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါကြောင်း၊ အကျိုးခံစားသူများ၏ အချက်အလက်များကို SMIS စနစ်အတွင်းသို့ Data Migration ပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့် SMIS စနစ်စမ်းသပ်အသုံးပြု နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် MCCT အစီအစဉ်အတွက် သင်တန်း(၂)ကြိမ်ဖွင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၀၈)ဦး၊ Social Pension အစီအစဉ်အတွက် သင်တန်း (၂)ကြိမ်ဖွင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၀၁)ဦးကို လေ့ကျင့်သင်ကြားလျက်  Data များရေးသွင်းနိုင်ခဲ့ကြောင်း၊ SMIS softwareကို ယခုကဲ့သို့ လက်တွေ့အသုံးချပြီးဆောင်ရွက်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အပြည့်အဝကူညီပေးခဲ့သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားခဲ့ ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ရေ၊လေ)၊ သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် များမှ MCCT အစီအစဉ်အတွက် (၁၇-၆-၂၀၂၄) ရက်မှ (၁၉-၆-၂၀၂၄) ရက်အထိ သင်တန်း သား/သင်တန်းသူ (၅၇)ဦးဖြင့်လည်ကောင်း၊ Social Pension အစီအစဉ်အတွက် (၂၀-၆-၂၀၂၄) ရက်မှ(၂၂-၆-၂၀၂၄)ရက်အထိ သင်တန်းသား/သင်တန်းသူ(၆၁)ဦးလည်ကောင်း (၃)ရက်စီဖြင့် (၆) ရက်တာအတွင်း စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၁၁၈)ဦးဖြင့်  ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR