ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းများတွင် သက်မွေးသင်တန်းများဖွင့်လှစ်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၇.၉.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံများ၊ ကျောင်းအုပ်များတက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော သင်တန်း ကျောင်းအမျိုးအစားများအလိုက် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရာတွင် မိမိတို့ စောင့်ရှောက်ပေးနေမှုအပေါ်  အားသာချက်၊ အားနည်းချက်များကို ပြန်လည်လေ့လာ၍ ပြုပြင် ဆောင်ရွက်ရန်လိုအပ်ချက်များကို ပြန်လည်သုံးသပ်ရန်ဖြစ်ပါကြောင်း၊ ကာကွယ်စောင့်ရှောက် ရန်လိုအပ်သောကလေးသူငယ်များ၊ အမှုရင်ဆိုင်ဆဲကလေးသူငယ်များနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသောကလေးသူငယ်များကို နိုင်ငံတော်အနေဖြင့် မိဘသဖွယ်သဘောထားပြီး စောင့်ရှောက် ရတာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးသူငယ်များအား အတန်းပညာ၊ အသက်မွေးဝမ်း ကျောင်းပညာများကို သင်ကြားပေးရာတွင် ကလေးများအတွက်ရေရှည်မှာ ၎င်းတို့၏ ဘဝ ရပ်တည်နိုင်သည်အထိ ပံ့ပိုးပေးရမှာဖြစ်ပါကြောင်း၊ အထူးသဖြင့် အတန်းပညာ သင်ကြားရာ တွင် အခက်အခဲရှိသော ကလေးသူငယ်များအတွက် အသက် (၁၈) နှစ်ပြည့်ပြီးနောက်ပိုင်း အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ခြင်းဖြင့် ကောင်းမွန်စွာဘဝရပ်တည်နိုင် မည်ဖြစ်ကြောင်း၊  လိုအပ်ချက်များအပေါ် အဖြေရှာပြီး ဝိုင်းဝန်းသုံးသပ်အဖြေရှာရမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးကမိမိတို့အနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသည့် ကလေး သူငယ်များအတွက် ပြင်ပတွင် ကောင်းမွန်စွာရပ်တည်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ လက်ရှိဖွင့်လှစ်ပေးလျက်ရှိသော သက်မွေးသင်တန်းများအား ပြန်လည် သုံးသပ်ပြီး  အခြားဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများက ဖွင့်လှစ်သည့်သင်တန်းများသို့ လည်း စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်တစ်ဦးချင်းစီ အလိုက် စနစ်တကျ လေ့လာဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ အတန်းပညာသင်ကြားရေးကို အဓိက ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသော်လည်း သက်မွေးပညာရပ်များကို စနစ်တကျသင်ကြား ပေးရန်လည်းလိုအပ်ပါကြောင်း၊ သက်မွေးပညာများသင်ကြားရေးအတွက် စီမံချက်များချမှတ် ၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက သင်တန်းကျောင်းအမျိုးအစားများအလိုက် သက်မွေးပညာသင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းအမျိုးအစားများ အလိုက် သက်မွေးပညာသင်တန်းများအား သီးသန့်ခွဲ၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသို့ မွေးစအရွယ်မှစတင်၍ ကာကွယ်စော့င်ရှောက်ရန် လိုအပ်ခြင်းကြောင့် စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များအတွက် ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ကလေးသူငယ်တစ်ဦးချင်းစီအလိုက် ဗီဇနှင့် ပတ်ဝန်းကျင် စသည့့်အခြေခံအချက်များ ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ပံ့ပိုးပေးရမှာဖြစ်ပါကြောင်း၊ ကလေးများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိနိုင်စေရေး လူမှုဝန်ထမ်းနည်းလမ်းများဖြင့် စနစ်တကျအဖြေရှာ၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ဖြစ်ရပ်များအပေါ် သုတေသနပြုခြင်း၊ ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများဖြင့် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ကို ပြန်လည်သုံးသပ်သည့် နည်းစနစ်များ ပါဝင်၍ Key Performance Indicator (KPI) များချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လည်(၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့်သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာအစည်းအဝေးများတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှု၊ ဂရုဏာ ကမ္ဘာဘိုးဘွားရိပ်သာနှင့် အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့်မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း၊ မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံတကာ၏ အလှူငွေများလှူဒါန်းခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် “အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားများသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်းနှင့် သိုလှောင်ရုံထိန်းသိမ်းရေးသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ရုံးများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃)သို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးMr. RaoufMazouနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR