ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲ နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online Platform ဖြင့် ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ဆွေးနွေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲ အမိန့်ကို ၂၀၀၉ ခုနှစ်တွင် ရေးဆွဲထားရှိရာ ယခု သဘာဝဘေးများပြောင်းလဲဖြစ်ပေါ်လာသည့်အခြေအနေ၊ သဘာဝဘေးစီမံခန့်ခွဲမှုပုံစံများ ပြောင်းလဲလာမှုအခြေအနေများအရ ခေတ်ကာလနှင့်လျော်ညီစေရေးအတွက် ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရန်ဆောင်ရွက်နေကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဉပဒေ၊ နည်းဉပဒေများ ရေးဆွဲထားပြီး ကော်မတီအဆင့်ဆင့်လည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များ အချိတ်အဆက်မိမိ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတည်မြဲအမိန့် ပြန်လည်ရေးဆွဲရာတွင် ဉပဒေ၊ နည်းဉပဒေများနှင့်ချိတ်ဆက်ဆောင်ရွက်ရန်၊ လက်ရှိအခြေအနေများနှင့် ကိုက်ညီရန်လိုကြောင်း၊ အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက် ဆောင်ရွက်မှုများလည်း အရေးကြီးကြောင်း၊ သဘာဝဘေးတစ်မျိုးချင်းစီအလိုက်၊ ဒေသအလိုက်၊ ရာသီကာလအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးများနှင့်ပတ်သက်၍လည်း အကောင်းဆုံးအစီအမံများ ဖြစ်စေရေး တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရန်လိုကြောင်း၊ ရေးဆွဲပြီးပါက တည်မြဲအမိန့်နှင့်အညီ လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ ကိုလည်း ပြန်လည်စောင့်ကြည့်လေ့လာ သုံးသပ်ပြင်ဆင်ရန် လိုပါကြောင်း ဆွေးနွေးပါသည်။

ဒုတိယဝန်ကြီးကဆွေးနွေးရာတွင် သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်သည် လုပ်ငန်း ဆောင်ရွက်ရန် ညွှန်ကြားချက်ပင်ဖြစ်ကြောင်း၊ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် ပညာရှင်များ၏ အကြံပြုချက် များရယူရန်လိုကြောင်း၊ လက်တွေ့အခြေအနေနှင့်ကိုက်ညီရန်လိုကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူရန်လိုအပ်ကြောင်းနှင့် ပါရှိသင့်သည့် အချက်များ၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်များကို ဆွေးနွေးပါသည်။


ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် ပြန်လည်သုံးသပ် ပြင်ဆင်ရေး လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများ၊ တည်မြဲအမိန့်တွင် ပါဝင်သည့် အကြောင်းအရာခေါင်းစဉ်များ၊ မူကြမ်းရေးဆွဲထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက အပိုင်းကဏ္ဍအလိုက် ထည့်သွင်းသင့်သည့် အချက်များ၊ အကြံပြုချက်ရယူရန်လိုအပ်သည့်ကိစ္စများ၊ ညှိနှိုင်းရေးဆွဲရမည့်အချက်များ၊ အတည်ပြုချက် ရယူရန်လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း၍ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်ပြင်ဆင်ရေး  ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။ 



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR