ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပိုင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီ(၂)လမ်းရှိ အဆိုပါဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃) ပရိဝုဏ်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင်ကျွန်းရွှေဝါပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် အမြင့်(၂)ပေနှင့်အထက်ရှိသော နှစ်ရှည်ပျိုးပင်များကို စိုက်ပျိုးပေးခဲ့ကြပါသည်။ ယမန်နှစ်မိုးရာသီတွင်စိုက်ပျိုးခဲ့သော ကျွန်း၊ ပျဉ်းကတိုး နှစ်ရှည်ပင်များ ရှင်သန်မှုမှာ (၇၇)ရာခိုင်နှုန်းကျော်ရှိကြောင်းသိရှိရပြီး ယခုနှစ်စိုက်ပျိုးမှုအဖြစ် ကျွန်း(၃၀၀)ပင်၊ ပျဉ်းမ (၅၀)ပင်၊ ပိတောက် (၅၀)ပင်၊ ငုဝါ (၅၀)ပင်၊ စိန်ပန်း (၅၀)ပင် စသည်ဖြင့် စုစုပေါင်းနှစ်ရှည်ပင် (၅၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။



ဆက်လက်၍ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို အဆိုပါ ရုံးအမှတ်(၂၃) ပရိဝုဏ်အတွင်းရှိ မင်္ဂလာကန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ငါးချင်းသားပေါက်များကို  ဦးဆောင်ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ဆက်လက်၍ မင်္ဂလာကန်အတွင်းသို့ ငါးချင်းသားပေါက် ကောင်ရေ(၅၀၀၀)တို့ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR