ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၁-၂-၂၀၂၆ ရက်နေ့၊ ညနေပိုင်းက ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျေးရွာများသို့သွားရောက်ပြီး လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရပ်ကွက် (၁)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၁၈)စုမှ ပြိုကျနေအိမ် (၁၅)အိမ်၊ အမိုးလန်နေအိမ်(၂၅၀)အိမ် အတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၁၄၀) ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စုရှိ အမိုးလန်အိမ် (၇၇) အိမ်အတွက် ထောက်ပံ့ငွေကျပ် (၃,၈၅၀,၀၀၀) ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ဘေးသင့်ပြည်သူများအားတွေ့ဆုံ အားပေးစကားပြောကြားပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏမြို့နယ်၊ ဆည်စုကျေးရွာသို့ သွား‌ရောက်ပြီး ဆည်စုကျေးရွာခန်းမတွင် လေဘေးသင့်ပြည်သူများအား တွေ့ဆုံကာ ဒက္ခိဏမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စု (၄) စုမှ ပြိုကျနေအိမ်(၁၄)လုံး၊ အမိုးလန်နေအိမ်(၈၁)လုံးအတွက် ထောက်ပံ့ငွေ ကျပ် (၅,၄၅၀,၀၀၀)ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျွန်းတပဲ့ကျေးရွာအုပ်စုမှ ပြိုကျနေအိမ် (၄)လုံး၊ အမိုးလန် (၆၉) အိမ်အတွက်ထောက်ပံ့ငွေကျပ် (၃,၈၅၀,၀၀၀) သိန်း၊ နေပြည်တော် ကောင်စီဝင် ဦးခင်မောင်လတ်က ရန်အောင်မြင်ကျေးရွာမှ ပြိုကျနေအိမ် (၂)၊ အမိုးလန်အိမ် (၉) အိမ်တို့ အတွက် ထောက်ပံ့ငွေကျပ် (၆၅၀,၀၀၀) နှင့် တာဝန်ရှိသူများက ပန်းပေါင်းစုံဘုရားများကိုလည်းကောင်း ဘေးသင့်ပြည်သူများသို့ အသီးသီး ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR