ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနမှကျင်းပပြုလုပ်သည့်Gender/CEDAW/ NSPAW/UNSCR 1325 အသိပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်တွဲလက်များလူမှုကူညီရေးအဖွဲ့မှလူငယ်ကိုယ်စားလှယ်များ၊ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊သင်တန်းတက်ရောက်မည့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့အောက်ရှိဦးစီးဌာနများမှအရာထမ်းသင်တန်းသူ၊သင်တန်းသား(၂၇)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့သင်တန်းဖွင့်လှစ်ရခြင်းမှာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်လာပြီး မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင်ကျား၊ မရေးရာထည့်သွင်းစဉ်းစားလာစေရန်၊ဌာနများအချင်းချင်းချိတ်ဆက်ပူးပေါင်းမှုပိုမိုအားကောင်းလာစေရန်၊ ထိုမှတစ်ဆင့် အမျိုးသမီးများ၏ အခွင့်အရေးများပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးကိုယ်စားပြုပါဝင်မှုမြှင့်တင်နိုင်ရေးတို့နှင့်ပတ်သက်သည့်အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကိုပံ့ပိုးပေးနိုင်သည့်အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ဒီကနေ့ဖွင့်လှစ်သည့် သင်တန်းသည် အမျိုးသမီးများ၏ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊သင်တန်းသားများအနေဖြင့်လည်းဗဟုသုတရရှိနိုင်မည့်အပြင်အတွေ့အကြုံများကိုလည်းဆွေးနွေးဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊သင်တန်းမှရရှိသည့်ဗဟုသုတများဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှချမှတ်ဆောင်ရွက်လျက်ရှိသည့်မူဝါဒ၊မဟာဗျူဟာ၊ပင်မလုပ်ငန်းအစီအစဉ်များနှင့်စီမံကိန်းများတွင် ကျား၊မရေးရာကိုစနစ်တကျထည့်သွင်းစဉ်းစားပြီးရေးဆွဲကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊လုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့်အခါတွင်လည်း အမျိုးသမီး၊မိန်းကလေးငယ်များ၏ပါဝင်မှုအခန်းကဏ္ဍကိုတိုးမြှင့်ပေးရန် လိုအပ်သကဲ့သို့ဌာနဆိုင်ရာများ၏လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများ၏စွမ်းဆောင်ရည်ကိုပိုမိုမြှင့်တင်ပေးနိုင်ရေးဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားလိုပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ဝန်ကြီးဌာနများမှသင်တန်းသူ/သင်တန်းသားများကမိတ်ဆက်ခဲ့ကြပြီးသင်တန်းဖွင့်ပွဲအခမ်းအနားအား(၁၀:၀၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီးသင်ခန်းစာများရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီးသင်တန်းကိုညနေ(၅:၀၀) နာရီတွင် ပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR