ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


          လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (--၂၀၂၁)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ သွားရောက်၍ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေ သည့် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်) သိုလှောင်ရုံများအား ကွင်းဆင်း စစ်ဆေး၍ ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ သိုလှောင်ထုတ်ပေးရေး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသည့်ပစ္စည်းများ လှူဒါန်း ပစ္စည်းများအား ဘေးသင့်ပြည်သူတို့ လက်ဝယ်သို့ စနစ်တကျထောက်ပံ့နိုင်ရေး လုံခြုံရေး သတိအမြဲ ရှိရေး၊ မီးဘေးလုံခြုံရေးစီမံချက်အတိုင်း စနစ်တကျပြင်ဆင်ဆောင်ရွက်ရေးအပါအဝင် လုပ်ငန်းလမ်းညွှန် မှုများ ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာန () ခုမှ အရာထမ်း အမှုထမ်းများအား တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း ယခုကာလတွင် ကန့်သတ်ချက်အချို့ကြားမှ မိမိတို့၏တာဝန်များအား ကျေပွန်စွာထမ်းဆောင် နေမှုအတွက် အသိအမှတ် ပြုဂုဏ်ယူကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများသည် မည်သည့် အခြေအနေတွင်မဆို ရပ်တန့်၍မရကြောင်း အဆိုပါလုပ်ငန်းများအား ဆောင်ရွက်ရာ၌ မိမိတို့ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းများအား ကြိုဆိုလက်ခံ ဆောင်ရွက်မည် ဖြစ်သကဲ့သို့ မိမိတို့အင်အားဖြင့်သာ ဆောင်ရွက်ရမည် ဆိုပါကလည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အားထုတ်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို အကောင်းဆုံးဖြစ်အောင် ဆက်လက် ထမ်းဆောင်သွားမည်ဟု ယုံကြည်ကြောင်းတို့အား လမ်းညွှန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုပင်မအထောက်အကူပြုဗဟိုဌာန၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်း ကျောင်းသို့ သွားရောက်ကာ ကျောင်းရှိ စောင့်ရှောက်ခံကလေးသူငယ်များအား တွေ့ဆုံအားပေးခြင်း လိုအပ်ချက်များ စစ်ဆေး ပေါင်းစပ် ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR