ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


          လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (--၂၀၂၁)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ သွားရောက်၍ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေ သည့် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်) သိုလှောင်ရုံများအား ကွင်းဆင်း စစ်ဆေး၍ ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ သိုလှောင်ထုတ်ပေးရေး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသည့်ပစ္စည်းများ လှူဒါန်း ပစ္စည်းများအား ဘေးသင့်ပြည်သူတို့ လက်ဝယ်သို့ စနစ်တကျထောက်ပံ့နိုင်ရေး လုံခြုံရေး သတိအမြဲ ရှိရေး၊ မီးဘေးလုံခြုံရေးစီမံချက်အတိုင်း စနစ်တကျပြင်ဆင်ဆောင်ရွက်ရေးအပါအဝင် လုပ်ငန်းလမ်းညွှန် မှုများ ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာန () ခုမှ အရာထမ်း အမှုထမ်းများအား တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း ယခုကာလတွင် ကန့်သတ်ချက်အချို့ကြားမှ မိမိတို့၏တာဝန်များအား ကျေပွန်စွာထမ်းဆောင် နေမှုအတွက် အသိအမှတ် ပြုဂုဏ်ယူကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများသည် မည်သည့် အခြေအနေတွင်မဆို ရပ်တန့်၍မရကြောင်း အဆိုပါလုပ်ငန်းများအား ဆောင်ရွက်ရာ၌ မိမိတို့ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းများအား ကြိုဆိုလက်ခံ ဆောင်ရွက်မည် ဖြစ်သကဲ့သို့ မိမိတို့အင်အားဖြင့်သာ ဆောင်ရွက်ရမည် ဆိုပါကလည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အားထုတ်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို အကောင်းဆုံးဖြစ်အောင် ဆက်လက် ထမ်းဆောင်သွားမည်ဟု ယုံကြည်ကြောင်းတို့အား လမ်းညွှန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုပင်မအထောက်အကူပြုဗဟိုဌာန၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်း ကျောင်းသို့ သွားရောက်ကာ ကျောင်းရှိ စောင့်ရှောက်ခံကလေးသူငယ်များအား တွေ့ဆုံအားပေးခြင်း လိုအပ်ချက်များ စစ်ဆေး ပေါင်းစပ် ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR