ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

နည်းပညာအခြေပြုသိုလှောင်ရုံထိန်းသိမ်းနည်းစနစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန် တစ်ခုဖြစ်သည့် ဘေးသင့်သူများအတွက် လတ်တလောလိုအပ်သော စားဝတ်နေရေးဆိုင်ရာကူညီ ထောက်ပံ့မှုများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အရင်းအမြစ်အခြေအနေနှင့် ကိုက်ညီသော အရည်အသွေးရှိသည့် ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျလျင်မြန်ထိရောက်စွာ ထောက်ပံ့ပေးနိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ထိရောက်သည့်လုပ်ငန်း ဆောင်ရွက်မှုများဖြစ်စေရန်အတွက်  နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ကျခံဝယ်ယူထားသော ထောက်ပံ့ရေး ပစ္စည်းများကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ စနစ်တကျထိန်းသိမ်းသိုလှောင်ရန် လိုအပ်သကဲ့သို့ စာရင်းဇယားများဖြင့်လည်း မှန်ကန်တိကျရှင်းလင်းစွာ ရေးသွင်းမှတ်တမ်းတင်ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စာရင်းအချက်အလက်ထားသိုမှုနည်းစနစ်ပိုင်းဆိုင်ရာတို့ကို စနစ်တကျ ဖြစ်စေရန် သိုလှောင်ရုံလက်စွဲကို ပြုစုထားရှိပြီးဖြစ်ပါကြောင်း၊ နယ်မြေဒေသအလိုက် သိုလှောင်ထား ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်ပတ်သက်၍ အချက်အလက်များကို  ပိုမိုတိကျမြန်ဆန် မှန်ကန်စွာ သိရှိနိုင်စေရန်၊ လူအင်အားနည်းနည်းဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး အချိန်နှင့် ကုန်ကျစရိတ်များ လျှော့ချသုံးစွဲနိုင်စေရန်၊ ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် ပျက်စီးလေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး ခေတ်မီနည်းပညာများကို အသုံးချနိုင်စေရန်တို့ကို ရည်ရွယ်၍ သိုလှောင်ရုံလက်စွဲပါ စာရင်းပုံစံများကို အခြေခံ၍ Inventory Management Software ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံများတွင် သဘာဝဘေးဖြစ်ပွားပါက ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရန် Disaster Emergency Logistics System for ASEAN (DELSA) စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းအရ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများကို သိုလှောင်ရုံများတွင် စနစ်တကျ သိုလှောင်ထားရှိသကဲ့သို့ AHA Center အနေဖြင့် သိုလှောင်ရုံများတွင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို Digitalized စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် Warehouse Management ကိုလည်း ERP Software အသုံးပြုဆောင်ရွက်နိုင်ရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနိုင်ငံများနည်းတူ ရင်ဘောင်တန်းလိုက်ပါဆောင်ရွက်နိုင်မှုတစ်ခုပင်ဖြစ်ပါကြောင်း၊ သိုလှောင်ရုံများတွင် ထိန်းသိမ်းသိုလှောင်ထားရှိသော ထောက်ပံ့ပစ္စည်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် သိုလှောင်ရုံစီမံခန့်ခွဲလုပ်ဆောင်ရာတွင် မူလကအသုံးပြုနေသည့် Manual System နေရာတွင် Online အသုံးပြုထားသော Inventory Management Software ကို စနစ်တကျ အသုံးပြုနိုင်စေရန်ဖြစ်ပါကြောင်း၊ မူလကဆောင်ရွက်နေသည့် စာရွက်စာတမ်း အခြေပြုစနစ်မှ ယခု Electronic စနစ်၊ Computerized စနစ်ကို အသုံးပြုပြီး စနစ်တကျရေးသွင်းထားရှိခြင်းဖြစ်၍ သိုလှောင်ပစ္စည်းများ၏ အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ အလွယ်တကူသိရှိနိုင်ပြီး  စီမံခန့်ခွဲသူများအနေဖြင့် Online မှတစ်ဆင့် အလွယ်တကူ ကြည့်ရှု၍ ဆုံးဖြတ်ချက် ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ Manual စနစ်ဖြစ်သည့်  Bin Card၊ လယ်ဂျာ များတွင် စာရင်းရေးသွင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Manual စနစ်နှင့် Electronic စနစ်တို့ကို ယှဉ်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ယူရသည့် Inventory Management Software ဆိုင်ရာ လေ့လာမှတ်သားစရာများကို နားလည်အောင် လေ့လာသင်ယူပြီး စနစ်တကျကိုင်တွယ် အသုံးပြု နိုင်သည်အထိ လေ့ကျင့်ကြရန်၊ မရှင်းလင်းသည်များရှိပါက သေချာမေးမြန်းဆွေးနွေး လေ့ကျင့်ကြရန်နှင့် စဉ်ဆက်မပြတ်အသုံးပြုဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအားလုံးက အလေးထားဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အဓိကတာဝန်တစ်ခုဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကာလမှာ တစ်ကိုယ်ရည်သုံးနှင့် အိမ်သုံးပစ္စည်း ထောက်ပံ့မှုအနေဖြင့် တစ် အိမ်ထောင်ကို ပစ္စည်း(၆)မျိုး၊ တန်ဖိုးအားဖြင့် (၁၁၀၀ဝိ)၊ ၂၀၁၃ ခုနှစ်တွင် ပစ္စည်း(၈)မျိုး၊ တန်ဖိုးအားဖြင့် (၁၅၀၀ဝိ)၊ (၂၀၁၈)ခုနှစ်တွင် ပစ္စည်း(၁၇)မျိုး၊ တန်ဖိုးအားဖြင့် တစ်အိမ်ထောင်လျှင် (၄၀၀၀ဝိ) မှ (၅၀၀၀ဝိ)အကြားအထိ ထောက်ပံ့နိုင်ခဲ့သဖြင့် (၁၀)နှစ်တာ ကာလအတွင်းတွင် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀၀၀ဝိ) အထိ တိုးမြှင့်ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ Inventory Management Software အသုံးပြုမှုနှင့်ပတ်သက်၍ကနဦးအနေဖြင့်ဦးစီးဌာန(ရုံးချုပ်)၊ဗဟိုသိုလှောင်ရုံ(ရန်ကုန်/မန္တလေး)နှင့်တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အထိ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားသော်လည်း နောင်တွင် ဝန်ထမ်းများအနေဖြင့် Software ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သည့်အခါတွင် ခရိုင်/ မြို့နယ်အဆင့်အထိ အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ Software  လုံခြုံမှုနှင့်ပတ်သက်၍ အသုံးပြုနိုင်သည့် User Level  သတ်မှတ်ပေးထားသဖြင့် လုံခြုံရေးကို သေချာသတိထားဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR