ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ထိုင်းနိုင်ငံမှ ဦးဆောင်၍ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၅ရက်နေ့မှ (၁၇ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပခဲ့သည့် (၁၇ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလ အတွင်း ချီးမြှင့်ခဲ့သည့် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (ASEAN Outstanding Social Welfare and Development Award -AOSWADA)ရရှိခဲ့သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အား ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့၊ နံနက်(၀၉:၃၀)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ ဒုတိယဥက္ကဌ၊ နာယကနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီအနေနဲ့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ဂုဏ်ပြုတဲ့ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနသည် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများရဲ့ အခွင့် အရေးများကို  ကာကွယ်စောင့်ရှောက်ရန်၊ အခွင့်အလမ်းများကို တူညီရရှိခံစားနိုင်စေရန်၊ ဘဝ အရည်အသွေး တိုးတက်မြင့်မားစေရန်အတွက် အားလုံးအကျုံးဝင်သော အသိုက်အဝန်းတစ်ရပ် ဖော်ဆောင်နိုင်ရေးဆိုသည့် ASEAN Community Vision 2025 နဲ့အညီ လူမှုရေးပြဿနာနှင့် ဘေးဒုက္ခများကို ခံစားနေရသော ထိရှလွယ်သည့် အုပ်စုများအတွက် လူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ(INGOs)၊ ပြည်တွင်းမှာရှိသော အစိုးရ

မဟုတ်သောအဖွဲ့အစည်းများ(NGOs)၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ(CSOs)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကဏ္ဍ၏ ကဏ္ဍခွဲများဖြစ်သည့် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင်နှင့် အာဆီယံအမျိုးသမီးရေးရာကော်မတီတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက Focal Point အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအစည်းအဝေးများကို အိမ်ရှင်နိုင်ငံ အဖြစ် အလှည့်ကျဆောင်ရွက်လျက်ရှိပြီး အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအဆင့်အစည်း အဝေးကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း၊ အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၅ ခုနှစ် တွင်လည်းကောင်း အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း အာဆီယံအစည်းအဝေးများကို Virtual စနစ်ဖြင့် ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံမှ ဦးဆောင်၍ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၅ရက်နေ့မှ (၁၇ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပ ခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာ ရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလ အတွင်းချီးမြှင့်ခဲ့သည့် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (ASEAN Outstanding Social Welfare and Development Award) ရရှိခဲ့သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ဆုယှဉ်ပြိုင်ရာမှာ တင်သွင်းခဲ့သော မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်သည်  ကျေးလက်နေအမျိုးသမီးများအတွက် များစွာအကျိုးကျေးဇူးရရှိစေ မှာဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ပါကြောင်း၊ အာဆီယံ လုပ်ငန်းဆိုင်ရာ များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ဖြစ်စေ၊ လူမှုဝန်ထမ်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်ဖြစ်စေ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)များရဲ့ အခန်း ကဏ္ဍဟာ များစွာအရေးပါတာကြောင့် နောင်လာမည့် အာဆီယံလုပ်ငန်းစဉ်များနှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ အာဆီယံထူးချွန်ဆုယှဉ်ပြိုင်ရာတွင် တင်သွင်းခဲ့သည့် ကျေးလက်နေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့်ပတ်သက်၍ ဗွီဒီယိုပြသပြီးနောက် မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၃၀)တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR