ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းဥပဒေများ၊ နည်းဥပဒေ(၆)အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)တွင် (၈-၅-၂၀၂၃) ရက်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC)လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးဆောင်၍ (၆-၅-၂၀၂၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေး လမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ မုန်တိုင်း၏ အခြေအနေအလိုက် သာမန်အချိန်၊ အရေးပေါ်အချိန်၊ အရေးကြီးအချိန်နှင့် ပြန်လည်ထူထောင်ရေးအချိန်ဟူ၍ အပိုင်း(၄)ပိုင်းခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ရာ ယခုမှာ သာမန်အချိန်နှင့် အရေးပေါ်အချိန်ဆောင်ရွက်ရမည့် လုပ်ငန်းများအား တစ်ပြိုင်နက်တည်းဆောင်ရွက်နေပါကြောင်း၊  တိုင်းဒေသကြီး/ပြည်နယ်များမှ စာရင်းဇယား ကောက်ယူမည့် သတ်မှတ်ပုံစံများအတိုင်း လိုအပ်သည့်အချက်အလက်များ ပြည့်ပြည့်စုံစုံထည့်သွင်းပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ထံ တင်ပြရန်လိုကြောင်း၊ DMC အား ၂၄ နာရီ ဖွင့်လှစ်ထားရန်လိုကြောင်း၊ ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်သာမက ရနိုင်ပါက ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်အထိ ချိတ်ဆက်ကာ သတင်းအချက်အလက်များ ရယူကြရန်လိုကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်းပြောင်းလဲမှုအရ အရေးပေါ်အချိန်နှင့် အရေးကြီးအချိန်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရနိုင်ကြောင်း၊ Cyclone Shelter များတွင် ဝင်ဆံ့လူဦးရေများ၊ ရေ၊ ရိက္ခာလိုအပ်ချက်မျာအား ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း၊ သက်ဆိုင်ရာဒေသရှိ လူဦးရေနှင့် စားရေရိက္ခာ လုံလောက်မှုအခြေအနေအား တွက်ချက်ထားရန် လိုကြောင်း၊ ဆုံးဖြတ်ချက်များချမှတ်ပေးနိုင် ရန်အတွက် DMC မှ သတင်းအချက်အလက်များ ပေးပို့တင်ပြရန်လိုကြောင်း၊ DMC ၏ ဆောင်ရွက်ချက်သည် အရေးကြီးကြောင်း၊ မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်ရန်နှင့် ပြန်လည်ထူထောင်ရေးအပိုင်းတွင် အမြန်ဆုံးနှင့် ထိထိရောက်ရောက်ဖြစ်စေရန် DMC မှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားကြရန်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC) ကို  အမျိုးသားကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် သတ်မှတ်ပုံစံများ အတိုင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အချက်အလက်များအား ရယူကာ စုစည်းလျက်ရှိကြောင်း၊ အမျိုးသားကော်မတီဥက္ကဋ္ဌထံသို့  တင်ပြဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အရေးပေါ်အစားအစာများဖြစ်သည့် ရေသန့်များ၊ ခေါက်ဆွဲခြောက်များ အသင့်ဝယ်ယူထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်း အခြေအနေ၊ နိုင်ငံတကာမိုးလေဝသ Website များနှင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များ၊ သုံးသပ်ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေ၊  လူနှင့်ပစ္စည်းများ ရွှေ့ပြောင်းရန် စီစဉ်ထားရှိမှုအခြေအနေ၊ ပျက်စီးဆုံရှုံးမှု စာရင်းကောက်ယူရန် စီစဉ်ထားရှိမှုအခြေအနေ၊ ရေသန့်စင်ကားများစီစဉ်ထားရှိမှုအခြေအနေ၊ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်၊ ယန္တရားများ ကြိုတင်စုဖွဲ့ ထားရှိမှုအခြေအနေ၊ Public Health Emergency Operation Centre (PBEOC) ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ဘေးသင့်ဒေသများတွင်  အရေးပေါ်ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် Rapid Respond Team(RRT) များအား စေလွှတ်ပြီးစီးမှုနှင့် စေလွှတ်ရန်စီစဉ်နေမှုအခြေအနေ၊ ဆေးဝါးများ ပေးပို့ထားရှိမှုနှင့် ဆက်လက်ပေးပို့ရန် စီစဉ်နေမှုအခြေအနေ၊ ပြည်သူများသို့ မုန်တိုင်းသတင်းပေးပို့မှုအခြေအနေ၊ အသိပညာပေးမှုအခြေအနေတို့အား ဆွေးနွေးတင်ပြကြသည်။

ထို့နောက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR