ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် (၇-၅-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဃောသိတာရမပါဌိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာသာမိအား ဖူးမျှော်ကြည်ညိုကာ ဩဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ  အသက် (၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ကိုဗစ်-၁၉ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအလိုက် Quick Win Project များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ် အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ အခြေခံကျသော စာရင်းဇယားအချက်အလက်များရရှိနိုင်ရေးနှင့် အကျိုး ခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ သော ဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင် ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါ သည်။  ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆,၈၈၇)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၂,၀၆၆.၁) သိန်းကိုလည်းကောင်း၊ တည်ထောင်ခွင့်ပြုမိန့်ရ ဂေဟာ/ရိ်ပသာများအတွက် ထောက်ပံ့ငွေကျပ် (၂၂၉.၀၈)သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများက လက်ခံခဲ့ကြပါသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ‌စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် Volunteer အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များထံပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများကိုယ်စား တာဝန်ရှိသူတစ်ဦးကကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ရောက်ပေးအပ် ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး လိုက်ပါလျက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး (သိုလှောင်ရုံ)ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ၊ အလှူပစ္စည်းများကို သိုလှောင်ရုံထိန်းသိမ်းနည်း လက်စွဲအတိုင်း သိုလှောင်ထိန်းသိမ်းထား ရှိမှုအခြေအနေများ၊ သိုလှောင်ရုံမှတ်တမ်းထိန်းသိမ်းထားရှိမှုအခြေအနေများကို  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်တမ်းရှည်ကြာထိန်းသိမ်းထားရသည့် ပစ္စည်းများကို ဖြန့်ခွဲအသုံးပြုနိုင်ခြင်း မရှိဘဲ သိုလှောင်ရုံအတွင်း သက်တမ်းလွန်မှုမရှိစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး လိုက်ပါလျက် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး အမျိုးသမီးများအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များတက်မြောက်ခြင်းဖြင့် အလုပ် အကို်ငအခွင့်အလမ်းများပိုမိုရရှိပြီး ဝင်ငွေတိုးပွားကာ အမျိုးသမီးများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း၊ မြန်မာအစားအစာ/တရု်ပအစားအစာ၊ မုန့်မျိုးစုံ၊ Designer သင်တန်းများကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR