ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU) အရအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊အမြဲတမ်းအတွင်းဝန်၊ အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Jitendra Rawat နှင့် Liaison Officer Mr. Gautam Pandeyသက်ဆိုင်ရာဝန်ကြီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက Online မှ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာMoU အရ အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊MoUအရအိန္ဒိယနိုင်ငံအစိုးရက တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ(၅)သန်းဖြင့် ၅ နှစ်အတွက် အမေရိကန်ဒေါ်လာ(၂၅)သန်းထောက်ပံ့ပေးမည်ဖြစ်၍ ပထမနှစ်အတွက် အိန္ဒိယနိုင်ငံအစိုးရကရခိုင်ပြည်နယ် အတွင်း နေအိမ်(၂၅၀)လုံးဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယနှစ်အတွက် စီမံကိန်းလုပ်ငန်း(၁၃)ခုမှာလည်း သဘောတူညီချက် ရရှိပြီးဖြစ်ကာ ဝန်ကြီးဌာနက စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ် (၄)ဆင့် သတ်မှတ်ဖော်ထုတ်ထားပြီး သက်ဆိုင်ရာဌာနများက စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယနှစ်စီမံကိန်းလုပ်ငန်း(၁၇)ခုကို Proposal ပေးပို့ထားခြင်းနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံသံရုံး တာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင်သက်ဆိုင်ရာဌာနအသီးသီးတို့နှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနကတစ်ဆင့် အကြောင်းကြားလာသဖြင့်ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊အိန္ဒိယနိုင်ငံနဲ့ ဆွေးနွေးခြင်းမပြုမီ ရခိုင် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသော ဦးစီးဌာနတာဝန်ရှိသူများနှင့် အကြိုညှိနှိုင်းအစည်း အဝေးကို (၁၄-၁၁-၂၀၂၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယနေ့အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများဖော်ထုတ်ခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်ရေး ပိုမိုထိရောက်စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း MoU ပါ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်မှုများနှင့်တတိယနှစ်စီမံကိန်းလုပ်ငန်းများတွင် ဆောင်ရွက်ရန်အခက်အခဲရှိသည့်လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်သွားရန်ရှိပါကြောင်း ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Jitendra Rawat က အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ယခုလိုရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံထောက်ပံ့ပေးလျက်ရှိရာ စီမံကိန်းရန်ပုံငွေများသုံစွဲရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်သော စီမံကိန်းများထည့်သွင်းဆောင်ရွက်စေလိုပါကြောင်း၊ ဒီကနေ့အစည်းအဝေးပြီးသည့်အချိန်တွင် အဆိုပြု လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အသေးစိတ်အချက်အလက်များ ရရှိသည်နှင့်တစ်ပြိုင်နက် အိန္ဒိယနိုင်ငံအစိုးရသို့ ချက်ချင်းပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

၎င်းနောက်အစည်းအဝေး တက်ရောက်လာကြသောဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးကတင်ပြထားသည့် တတိယနှစ်စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍လုပ်ငန်းတန်ဖိုးပြောင်းလဲလိုမှု၊ လုပ်ငန်းနေရာပြောင်းလဲဆောင်ရွက်လိုမှု၊ အဆောက်အဦအတိုင်းအတာပြောင်းလဲလိုမှု ကိစ္စများကိုလုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR