ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် (၂၁-၅-၂၀၂၂)ရက်နေ့ နံနက် ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အင်ကျယ်ကျေးရွာရှိ ပုသိမ်ကြီး လူငယ်သင်တန်း ကျောင်းသို့ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်းအနေဖြင့် အကြောင်းအမျိုးမျိုး ကြောင့် လူမှုရေးဒုက္ခနှင့်ကြုံတွေ့ရပြီး နိုင်ငံတော်မှ စောင့်ရှောက်ရန်လိုအပ်သည့် ကလေးများနှင့် ကလေးသူငယ်တရားရုံးမှ ပို့အပ်လာသော ကလေးသူငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်များအား သင်တန်းကျောင်း၏ ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် သင်ယူတက်မြောက်မှုရှိ/မရှိ နှင့် အကျိုးပြုနိုင်သည့် လူစွမ်းအားအရင်းအမြစ်များအဖြစ် မွေးထုတ်ပေးနိုင်မှုအခြေအနေကို ဆန်းစစ်အကဲဖြတ်နိုင်မည့် သတ်မှတ်ချက်ပုံစံများ ထားရှိရမည်ဖြစ်ကြောင်း၊ လူငယ်သင်တန်းကျောင်းများတွင် သင်တန်းသားများ စည်းကမ်းတကျရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များမဖြစ်ပွားစေရေး သင်တန်းကျောင်းလက်စွဲပါ ပြဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ရေး၊ ကျောင်းသားများ အားကစားအတွက် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် သင်တန်းကျောင်းမြေဧရိယာကို ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ သင်ယူပို့ချပေးနေမှုအခြေအနေများ၊ စာတတ်မြောက်နိုင်ရေးသင်ယူပို့ချပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် အောင်မြေသာစံ မြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းကျောင်းရှိ ဝင်ဆံ့အင်အား၊ လက်ခံထားရှိမှုအခြေအနေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချပေးနေမှုအခြေအနေများ၊ သင်တန်းကျောင်းလက်စွဲပါပြဌာန်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအားဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအဆောင်များတွင် တာဝန်ယူ လုပ်ဆောင်နေရသော ဝန်ထမ်းများ တွေ့ကြုံရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပြီး လုံခြုံရေး လျော့နည်းမှုမဖြစ်စေရေး အင်အားထပ်မံဖြည့်တင်းပေးနို်ငရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အမှန်တကယ်စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်ခြင်းဖြင့် သင်တန်းသားများအတွက် ပညာရပ်၊ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ ကျောင်းပြင်ပ ပညာရေးအတွက် တက်ကြွစွာ သင်ယူတက်မြောက်နိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များအတွက် လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သင်ယူပို့ချပေးနေမှုအခြေအနေများ၊ သင်တန်းသားများ၏ စားသောက်နေထိုင်မှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများအား တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် အောင်မြေသာစံမြို့နယ်ရှိ မသန်စွမ်းသင်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က မသန်စွမ်းကလေးငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနေမှုအခြေအနေများ၊ လက်မှုပစ္စည်းများ ခင်းကျင်းပြသထားမှုအခြေအနေများ၊ သင်တန်းကျောင်းရှိ မျိုးဆက်သစ် ကဖီးနှင့် အအေးဆိုင် သရုပ်ပြဖွင့်လှစ်၍ ဦးဆောင်သင်ပြပေးနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းမှ ထွက်ရှိသည့် လက်မှုပစ္စည်းများ ဈေးကွက်ဝင်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် သွားရန်နှင့် သင်တန်းကျောင်းအတွက် ဖြည့်ဆည်းပေးရမည့်အချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သင်တန်းသူများ သင်ယူလေ့ကျင့်ဖွင့်လှစ်ထားရှိသည့် ခရေရိပ် အလှပြုပြင်ဆိုင်သို့ရောက်ရှိကြပြီး သင်တန်းသူများ သင်ယူလုပ်ကိုင်နေမှုအခြေအနေများကို လေ့လာခဲ့ကာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကျောင်းမှ ပို့ချပေးနေသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအားလုံးကို အမှန်တကယ် တက်မြောက်ကျွမ်းကျင်အသုံးချနိုင်ရေး လေ့ကျင့်သင်ကြားထားရှိရန် လမ်းညွှန်မှာကြား ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR