ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

င်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ASANI ဖြတ်သန်းရာ ခန့်မှန်းလမ်းကြောင်းနှင့်ဆက်စပ်သတင်းအချက်အလက်များကို အခြေခံ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် (၉-၅-၂၀၂၂)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ရောက်ရှိကာ  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကို ရယူ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  တာဝန်ရှိသူအဆင့်ဆင့်က တင်ပြဆောင်ရွက်မှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ မုန်တိုင်း ဖြတ်သန်းမည့် ခန့်မှန်းရွေ့လျားလမ်းကြောင်းများနှင့်တကွ ၎င်းဆိုင်ကလုံးမုန်တိုင်း၏ မြန်မာနိုင်ငံ အပေါ် သက်ရောက်နိုင်မှုအခြေအနေများကို ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဌာနကြီးမှူး ဒေါ်သီရိမောင်က ရှင်းလင်းတင်ပြရာအမြဲတမ်းအတွင်းဝန်ကလိုအပ်သည်များဖြည့်စွက်တင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း မုန်တိုင်းဖြတ်သန်းမည့်ခန့်မှန်းလမ်းကြောင်းကို နေ့ရက်အချိန်အလိုက် စဉ်ဆက်မပြတ် စောင့်ကြည့်စေလိုပါကြောင်း၊ သို့မှသာ မုန်တိုင်းလမ်းကြောင်းပြောင်းလဲမှုနှင့် သက်ရောက်မှုကို အချိန်မီသိရှိနိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ (Asani)”၏ သတင်းအချက်အလက်များအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌထံသို့ အချိန်နှင့်တပြေးညီတင်ပြရန်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ယခုမုန်တိုင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် လိုအပ်သော သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုဖြစ်ပေါ်နေသည့်မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ဖြတ်သန်းနိုင်ခြေနည်းပါးသော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေမြင့်တက်လာခြင်းများ ကြုံတွေ့လာနိုင်သည်ဖြစ်ရာ မုန်တိုင်းသက်ရောက်နိုင်ခြေရှိသည့်တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် မုန်တိုင်းနှင့်စပ်လျဉ်း၍ ပြည်သူများ သတိပြုမိနိုင်ရေးအပါအဝင် လိုအပ်ပါက တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်နိုင်ရေး အသိပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်း နှင့်မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်မှု မိတ်ဆက်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် ကောင်စီဝင်၊ ဦးမြင့်စိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့) မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ မသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း နည်းပညာပံ့ပိုးသူများအဖွဲ့ (TCG)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က  အဖွင့်မိန့်ခွန်း   ပြောကြားရာတွင် မိမိတို့နိုင်ငံ အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိရာမှာ  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂၀၀၈ ခုနှစ်)အခန်း (၁) အပိုဒ် ၃၂ (က)တွင် နိုင်ငံတော်သည် မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရမည်ဟု ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးတို့ကို လူ့အခွင့်အရေး စံနှုန်းများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ (၂၀၁၅) ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအခန်း (၁၀) နှင့် (၂၀၁၇) ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ အခန်း (၂) တို့တွင် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ တာဝန်ရှိသူများ သတ်မှတ်ခြင်း၊ မသန်စွမ်းမှုအဆင့်စိစစ်ခြင်း၊ မသန်စွမ်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ မသန်စွမ်းမှုအဆင့် လျော့ချခြင်း၊ တိုးမြှင့်ခြင်းနှင့် မသန်စွမ်း မှတ်ပုံတင်လက်မှတ်ပယ်ဖျက်ခြင်းတို့အတွက် လုပ်ကိုင်ဆောင်ရွက်ရမည် များကို အသေးစိတ် ထည့်သွင်းဖေါ်ပြပါရှိကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင် ခြင်းကနဦးစီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ထားသည့် မြို့နယ်(၄)မြို့နယ်  အနက် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် မသန်စွမ်းသူများအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ သင်တန်းကို (၉.၅.၂၀၂၂) ရက်နေ့မှစ၍ စတင်ဖွင့်လှစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တို့မှာလည်း (၂၀၂၂)ခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း သင်တန်းများဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအခြေအနေအလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိ၊ ပံ့ပိုးပေးလာနိုင်မှာဖြစ်သလို၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အလိုက်မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ပြီး မသန်စွမ်းသူများအတွက် အလွန်အကျိုးရှိစေမှာဖြစ်ကြောင်း၊ ကနဦး စီမံကိန်းမြို့နယ်များမှ ရရှိလာတဲ့ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့)၊ မသန်စွမ်းအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကနဦးစီမံကိန်းနယ်မြေ (၄)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံ၊ သင်ခန်းစာနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံးလွှမ်းခြုံ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR